သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-15
ရှမ်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ လမ်းပွင့်သွားပြီဖြစ်ပြီး မကျင်းပရသေးတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပဖို့သဘောတူညီခဲ့တယ်လို့ RCSS ကိုယ်စားလှယ်တွေ က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
2019-07-12
မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းအရှေ့ဘက်က ကျူးကျော်နေအိမ်တွေကို ဇူလိုင် ၁၁ ရက်နေ့က စည်ပင်နဲ့ရဲတပ်ဖွဲ့က အင်အားသုံးရှင်းလင်းခဲ့ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့သလို ဒေသခံ ၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2019-07-12
ရခိုင်ပြည်နယ်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးခံရသူတွေ သေဆုံးမှု များပြားလာပြီး ဖြစ်ပြီးခဲ့တဲ့ သေဆုံးမှုတွေထဲမှာ မသင်္ကာလို့ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေချိန် (သို့) ပြန်လွှတ်ပေးပြီးချိန်မှာ သေဆုံးတာတွေ၊ ခြေလက်နဲ့ ကိုယ်တွေပေါ်မှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို မြင်တွေ့ရတယ်လို့ မိသားစုတွေ ဒေသခံတွေက ပြောခဲ့ကြပါတယ်။
2019-07-12
AA ရခိုင့်တပ်တော်ကို ပံ့ပိုးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) က ခြောက်ယောက်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းလိုက်ပါတယ်။
2019-07-11
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ Victoria အမှု DNA ကိစ္စ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း အပါအဝင် ရှေ့နေအဖွဲ့လေးဖွဲ့က အမေရိကန်နဲ့ ထိုင်းနိုင်ငံက ရှေ့နေအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2019-07-11
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်က မစိုးရိမ်တိုက်သစ်၊ ကျောင်းတိုက်ဝင်းထဲက ဓမ္မသဟာရကျောင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ ဦးဝီရသူကို အမှုလာရောက်ရင်ဆိုင်ဖို့ ဆင့်ခေါ်တဲ့ တရားရုံးကြေညာချက်ကို ဇူလိုင်လ ၁၁ ရက်နေ့က ဝရမ်းကပ်ပါတယ်။
2019-07-11
ရက္ခိုင့်တပ်တော် AA ထိပ်ပိုင်းခေါင်းဆောင်တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ရဲက အမှုဖွင့်ထားပြီး တရားခံပြေးအဖြစ်သတ်မှတ်ဖို့ တရားရုံးမှာ စွဲဆိုထားတာဟာ AA အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် လုပ်ငန်းစဉ်အပေါ် ထိခိုက်စေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2019-07-11
Victoria ကိစ္စကို အကြောင်းပြုပြီး အလှူခံနေတာတွေ ရိုးသားမှုမရှိရင် လက်မခံဘဲ စိစစ်အရေးယူမယ်ဆိုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောလိုက်ပြီးနောက် ဒီနေ့မနက်မှာတော့ Victoria အမှုအတွက် ရန်ပုံငွေရအောင် ဖွင့်ထားပေးတဲ့ ဧရာဝတီဘဏ်အကောင့် ဆိုင်းငံ့ခံထားရပါတယ်။
2019-07-10
စင်္ကာပူပြည်ထဲရေးဌာနက ပြည်နှင်ဒဏ်ပေးလိုက်သူတွေနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁ဝ ရက်နေ့က ကြေညာချက်တစ်စောင် ထွက်ပေါ်လာပါတယ်။
2019-07-10
မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရကြားတစ်ဖွဲ့ချင်းစီအလိုက် နှစ်ဘက်သဘောတူ အပစ်ရပ်လက်မှတ်ရေး ထိုးဖို့ အဆိုပြုလွှာ အပြန်အလှန်ပေးပို့နေတာ သုံးကြိမ်ရှိနေပြီဖြစ်ပြီး တပ်နေရာချထားရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့ သဘောထားနဲ့ တပ်မတော်နဲ့ အစိုးရရဲ့ သဘောထားဟာ ကွဲလွဲနေတယ်လို့ သိရပါတယ်။
2019-07-09
တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတက်ရောက်တာရပ်နားထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ မနေ့က အလွတ်သဘောတွေ့ဆုံခဲ့ကြပါတယ်။
2019-07-09
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျုံဘွယ်ကျေးရွာက NLD ရပ်ကျေးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဦးစောကောင်းမြတ်ကို KNU ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စကို KNU အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2019-07-09
၂၀၂၀ ရွေးကောက်ပွဲနီးလာပေမယ့် မွန်ညီညွှတ်ရေးပါတီဟာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် မရရှိသေးတာကြောင့် နိုင်ငံရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2019-07-09
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာမှာ တပ်မတော်စစ်ကြောင်းတစ်ခု စခန်းချနေပြီး အသွားအလာ ကန့်သတ်ထားတဲ့အတွက် ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရွာသားတွေကပြောပါတယ်။
2019-07-09
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်တော် AA အကြား တိုက်ပွဲတွေ ဖြစ်လာပြီးနောက် ၂ဝ၁၉ ခုနှစ် အစောပိုင်းကစပြီး အမျိုးသားရေးအသွင်နဲ့ အရက်ကင်းစင်ရေး နယ်မြေတွေ သတ်မှတ်ဆောင်ရွက်လာတာ အောင်မြင်မှုရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။