သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-08-27
တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေဟာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ NUG အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အားပေးအားမြှောက်ပြုသလို ဖြစ်တယ်လို့လည်း စစ်ကောင်စီက စွပ်စွဲပြစ်တင်ပါတယ်။
2023-08-26
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာမှာ အားပေးကူညီတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေ့စ်ဘွတ်ကို ထိန်းချုပ်တဲ့ Meta ကုမ္ပဏီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ တရားစွဲဆိုမှု အနည်းဆုံး ၁၇ ခုနဲ့ ရင်ဆိုင်နေရပါတယ်။
2023-08-26
စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်အစပ် ရထားသံလမ်းဘေးတစ်လျောက် ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။
2023-08-25
စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားကြိုးပမ်းနေကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအကြား အပြန်အလှန်တိုက်ခိုက်ဝေဖန်နေတာတွေ မကြာခဏ တွေ့နေကြရပါတယ်။ ဘာကြောင့် အခုလိုဖြစ်ရသလဲ၊ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။
2023-08-25
အမြတ်အစွန်းရဖို့ကို အဓိကထားတဲ့ ဖေ့စ်ဘွတ်ရဲ့ Algorithms ကြောင့် ရိုဟင်ဂျာတွေအပေါ်မှာ ရှိနှင့်ပြီး အမုန်းတရားတွေကို ပိုပြီး ပျံ့နှံ့စေခဲ့ပြီး၊ ရိုဟင်ဂျာ လူမျိုးတွေ မြန်မာနိုင်ငံက ထွက်ပြေးရတဲ့ အခြေအနေအထိ ရောက်အောင် တွန်းအားပေးခဲ့တယ်လို့ သြဂုတ်လ ၂၅ရက်က ထုတ်ပြန်တဲ့ AI အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2023-08-25
ဖားကန့်မြို့နယ် နန့်ယားကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး လူ ၃၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။
2023-08-25
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ် တစ်ခုနီးပါးကြာ အကန့်အသတ်တွေနဲ့ နေထိုင်ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နယ်မြေသစ် ရှာဖွေဖို့ ကြိုးစားရင်း လူကုန်ကူးသူတွေရဲ့ ပစ်မှတ်သားကောင်ဖြစ်လာတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2023-08-24
စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေတဲ့ နှစ်သောင်းတန် ငွေစက္ကူတွေကို လက်ဝယ်ထားရှိတာ အရောင်းအဝယ်ပြုလုပ်တဲ့ ပုဂ္ဂလိကဘဏ်တွေ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ NUG က ထုတ်ပြန်လိုက်ပါတယ်။
2023-08-24
စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူရောင်းချပေးနေသူတွေနဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရက ပိတ်ဆို့ဒဏ်ခတ်လိုက်မှုအပေါ် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ထောက်ခံကြိုဆိုလိုက်ပါတယ်။
2023-08-24
စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ စစ်ခုံရုံးကနေ သေဒဏ်ချလိုက်သူတွေဟာ စွပ်စွဲဖမ်းဆီးထားရတဲ့ အရပ်သားတွေသာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ မပတ်သက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2023-08-24
ချင်းပြည်နယ်မှာ ကလေးတွေ ပညာရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းရန်၊ စစ်ကြောင်းထိုးတဲ့ အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။
2023-08-23
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရင်အပတ်က နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2023-08-23
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက လက်ရှိအချိန်အထိ ဖမ်းဆီးခံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည် ငါးထောင်ကျော်ရှိနေပြီး ဒီဒုက္ခသည်တွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။
2023-08-23
မန္တလေးမြို့က မင်္ဂလာဆေးရုံမှာ CDM ဆရာဝန် နှစ်ဦးကို အလုပ်ခန့်ထားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဆေးရုံကို ၃ လ ပိတ်ခိုင်းထားပါတယ်။
2023-08-23
MFTB၊ MICB တို့ကို အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့အတွက် ထိခိုက်နစ်နာကြောင်း စစ်ကောင်စီက ဝန်ခံပြောဆိုပါတယ်။