သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-26
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက .... အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စားလှယ် တက်ရောက်ခွင့်မပြုသင့်ကြောင်း မလေးရှားအစိုးရအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီး အာဆီယံအစည်းအဝေးတွေကို မြန်မာစစ်ကောင်စီ တက်ရောက်မှာကိုလည်း ကန့်ကွက်သွားမယ်လို့ ပြောလိုက်ပါတယ်။
2022-07-26
အာဏာသိမ်းစစ်ကောင်စီဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာ်သော်တို့ကို ထောင်တွင်းတရားရုံးမှာ လျှို့ဝှက် စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ သေဒဏ် အမှန်တကယ် စီရင်လိုက်တာဟာ နိုင်ငံတကာ ဥပဒေအရရော မြန်မာနိုင်ငံဥပဒေတွေအရပါ တရားမဝင်တဲ့စီရင်မှု ဖြစ်တယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာဥပဒေပညာရှင်တွေက ပြောပါတယ်။
2022-07-26
၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုဟာ မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေကို နှောင့်နှေးသွားစေနိုင်ပြီး စစ်ရေးအရလည်း လက်တုံ့ပြန်မှုတွေ ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။ အာဆီယံက ဖော်ဆောင်ဖို့ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ့် တွေ့ဆုံနွေးဆွေးရေးလမ်းကြောင်းဟာလည်း မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
2022-07-26
ဇူလိုင်လ ဒုတိယပတ်အတွင်း ရုရှားနိုင်ငံကို ဒုတိယအကြိမ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအစိုးရ နျူကလီးယားကော်ပိုရေးရှင်းကို သွားရောက်လည်ပတ်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2022-07-25
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews နဲ့ ဥပဒေမဲ့စီရင်မှုနဲ့ မတရားကွပ်မျက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Morris Tidball-Binz တို့က ဒီကွပ်မျက်မှုအပေါ် ကြေညာချက်ထုတ်ပြန် ရှုတ်ချလိုက်ကြတာပါ။
2022-07-25
ပြည်တွင်း အင်အားစုတွေနဲ့ နိုင်ငံတကာအစိုးရတွေကပါ တားမြစ်နေတဲ့ကြားက ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယုနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက လက်တွေ့ ကွပ်မျက်လိုက်တဲ့ကိစ္စဟာ နိုင်ငံရေးရာဇဝတ်မှုကို သွေးအေးအေးနဲ့ ကျူးလွန်လိုက်တာလို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။
2022-07-25
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ ဒီနေ့အထိ သတင်းသမား ၅၅ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက သတင်းသမား ၂၀ ဦးဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ သတင်းသမားတွေရဲ့ အချက်အလက်တွေကို ပြုစုနေတဲ့ Detained Journalists Information Myanmar အဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
2022-07-24
အရေပြားရောဂါ တစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အမြင့်ဆုံး သတိပေးချက်အနေနဲ့ ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေဖြစ်တယ်လို့ ဇူလိုင်လ ၂၃ ရက် မနေ့က ထုတ်ပြန်သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း ထိုင်းနဲ့အိန္ဒိယနိုင်ငံမှာ အခုလအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်စရာဖြစ်နေပြီး ဒီလိုဖြစ်လာရင် စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နိုင်မလားဆိုတာ စိုးရိမ်နေကြရပါတယ်။
2022-07-23
“မင်းအောင်လှိုင်လုပ်ချက်ကတော့ ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ပြီ။ ဘဝပျက်ပြီး ဘာမှ ရစရာ မရှိတော့ဘူး၊ စစ်တပ်မီးရှို့သွားလို့ အကုန်ပါသွားပါတယ်။ ကျုပ်အိမ်လေးတန်ကြေးက ကျုပ်တို့က မြေကြီးကြက်ယက် လုပ်စားကြရတာပါ။ မြေကြီးကြက်ယက် လုပ်စားရတာကို ပါသွားရတာပါ။ မုဆိုးမပါ။ ဒီအိမ်လေးဖြစ်ဖို့ ရုန်းကန်ရတာ ကျုပ် အနှစ် ၃ဝ လောက် ရုန်းရပါတယ်”
2022-07-23
ရန်ကုန်မြို့မှာ သဘာဝဓာတ်ငွေ့ (CNG) တွေ အလုံအလောက် မရတာကြောင့် ဇူလိုင် ၂၂ ရက် မနေ့ ညနေပိုင်းကစပြီး CNG နဲ့ပြေးဆွဲနေတဲ့ အများပြည်သူသုံး YBS ဘတ်စ်ကားတွေ အပါအဝင် အငှားယာဉ်တွေ စီးရေပြည့် မပြေးဆွဲနိုင်တာကြောင့် ခရီးသည်တွေ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။
2022-07-23
မြန်မာ့ပြည်တွင်းစစ်မှာ အာဏာသိမ်းစစ်ကောင်စီ မအောင်မြင်နိုင်ပေမဲ့၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို သုတ်သင်ရှင်းလင်းမှာဖြစ်ကြောင်း စစ်တပ်က ပြောဆိုလိုက်တယ်လို့ ဝါရှင်တန်ပို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
2022-07-22
သေဒဏ်အပြစ်ပေးခံထားရတဲ့ ၈၈ ငြိမ်းပွင့်အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ဦးကျော်မင်းယုနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ကို သူတို့ မိသားစုဝင်တွေနဲ့ ဇူလိုင် ၂၂ ရက်နေ့ မနေ့ ညနေပိုင်းက အင်းစိန်ထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ပြုခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါဟာ မနှစ်က သူတို့ ဖမ်းဆီးခံရချိန်ကစပြီး သက်ဆိုင်ရာမိသားစုတွေအနေနဲ့ ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့ခွင့်ရတာ ဖြစ်ပါတယ်။
2022-07-22
ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်အတွက် မြန်မာနိုင်ငံကို ICJ တရားရုံးမှာ စွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က ကနဦး ကန့်ကွက်ချက်တွေ အားလုံးကို မနေ့က ICJ တရားရုံးကနေ ပယ်ချလိုက်ပါတယ်။ အခုဆိုရင် ဒီအမှုကို ICJ တရားရုံးကနေ ဆက်လက် စစ်ဆေးစီရင်ချက်ချပြီး၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2022-07-22
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အပေါ် မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်ကို လက်ခံ၊ မခံ နိုင်ငံတကာတရားရုံး (ICJ) က ဇူလိုင် ၂၂ ရက် ဒီကနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ အမိန့်ချမှတ်တော့မှာပါ။
2022-07-22
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ပိုင်းကစလို့ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲ စတဲ့ ကုန်စည်တွေကို အမေရိကန်ဒေါ်လာအသုံးပြုပြီး ကုန်သွယ်ဖို့နဲ့ ပို့ကုန်တန်ဖိုးကို ကြိုတင်ငွေပေးချေတဲ့စနစ်နဲ့ ကျင့်သုံးဖို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြား ခဲ့ပြီးနောက် နယ်စပ်ကုန်သည်တွေကြားမှာ ဒေါ်လာလိုအပ်ချက်အပြင် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။