သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-27
ထိုင်း ဒုဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ လက်နက်မှောင်ခိုမှု ထိန်းချုပ်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
2023-04-26
စစ်အာဏာရှင်ဆန့်ကျင်ရေး နှစ်နှစ်ကျော်လာချိန်မှာ တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေအတွက် ငွေကြေးနဲ့ စိန်ခေါ်မှုတွေ ပိုများလာနေပါတယ်။
2023-04-26
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ သယံဇာတ တူးဖော်မှုတွေ ပိုများလာတယ်လို့ K –SAG အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
2023-04-26
မိုးဗြဲမြို့နယ် ညောင်ဝိုင်းရပ်ကွက် အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးထိမှန်လို့ စစ်ဘေးရှောင်နေတဲ့ သံဃာတစ်ပါး အပါအဝင် အရပ်သားအချို့ထိခိုက်မှု ရှိခဲ့ပါတယ်။
2023-04-26
ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းလောက်အတွက် စားနပ်ရိက္ခာ၊ အမိုးအကာတဲတွေနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေပါတယ်။
2023-04-25
ဒီတွေ့ဆုံမှုတွေမှာ အာဆီယံနဲ့ တရုတ်ရဲ့ပတ်သက်မှုတွေပါတယ်လို့ မြင်ကြောင်း နိုင်ငံတကာရေးရာပါမောက္ခ ခရစ္စတီးနားဖင့် က ပြောပါတယ်။
2023-04-25
မြန်မာနိုင်ငံကို ရုတ်တရက်လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့ အကောင်အထည်ဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
2023-04-25
ဖားကန့်မြို့နယ်၊ မဒဲန်ယန် (မှော်ဘုံရွာ) မှ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံ နှစ်ရာဝန်းကျင်လောက်ဟာ ဒီနေ့ထိ မလွတ်မြောက်လာသေးဘူးလို့ ပြောပါတယ်။
2023-04-25
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီကနေ အခု ၂၀၂၃ ခုနှစ် ပထမလေးလပိုင်းအထိ လွတ်ငြိမ်းသက်သာခွင့်ကြေညာခဲ့တာ ၁၁ ကြိမ်ရှိခဲ့ပါတယ်။
2023-04-24
မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တာဟာ စစ်ကောင်စီအပေါ် ယာယီသက်ရောက်မှုသာဖြစ်လိမ့်မယ်လို့ ပါမောက္ခ Dr Azmi Hassan က ပြောပါတယ်။
2023-04-24
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် ကလေး နှစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးပြီး၊ ဒေသခံ ခြောက်ထောင်ဝန်းကျင် ထွက်ပြေးနေရပါတယ်။
2023-04-24
လူပေါင်း ၂၀၀ သေဆုံးခဲ့ရတဲ့ ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီလေတပ်က ပဇီကြီးရွာကို တိုက်ခိုက်မှုကြောင့် ကမ္ဘာနိုင်ငံတော်တော်များများက ရှုတ်ချ ပြစ်တင်နေချိန်မှာပဲ ဧပြီလ ၂၀ ရက်နေ့မှာ ဒုတိယအကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။
2023-04-24
ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ပြောင်းရမယ်လို့ စစ်ကောင်စီက ဖိအားပေးတာကြောင့် နေရာသစ်ကို ပြောင်းရွှေ့နေရပါတယ်။
2023-04-23
စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းနဲ့ နေပြည်တော်တို့မှာ ဧပြီ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းနဲ့ လေဆင်နှာမောင်းကြောင့် လူရှစ်ဦး သေဆုံးပြီး နေအိမ် ၁၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
2023-04-22
မြန်မာ့သမိုင်းမှာ ပြည်သူ့နဲ့အတူရပ်တည်ခဲ့ ရပ်တည်ဆဲ အနုပညာသမားတွေကို အထင်ကရ မြင်ရသလို ပြည်သူ့ဘက်က ဘယ်သောအခါကမှ မရပ်ခဲ့တဲ့သူ၊ အရေးတော်ပုံတွေအစမှာ ရေတက်ငါးစင်ရိုင်းတွေလို ရှေ့ဆုံးက အလံကိုင်ကြပြီး လူထုဖိနှိပ်ချေမှုန်းခံရတဲ့ကာလတစ်ခုမှာ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းသွားကြသူတွေကိုလည်း မြင်ရလေ့ရှိပါတယ်။