သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-25
စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၁ လကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၃၇၀ အသက်ဆုံး၊ ၃,၃၈၅ ဦး အဖမ်းခံထားရပြီး ၁၂၇ ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
2022-11-24
ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2022-11-24
နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂညီလာခံ၊ တတိယကော်မတီ အစည်းအဝေးကနေ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ သဘောတူလိုက်ပါတယ်။
2022-11-23
နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု" လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ သတင်းထောက်တစ်ယောက်ဟာ သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ အဖမ်းခံလိုက်ရပါတယ်။
2022-11-23
စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ပျူစောထီးအဖွဲ့တွေက နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ရွာပေါင်း ၁၃ ရွာက နေအိမ်ပေါင်း ၁၀၆၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-23
စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် လူထုလူတန်းစား အလွှာအသီးသီးက ပုဂ္ဂိုလ်တွေအတွက် ဆုတံဆိပ်နဲ့ ဘွဲ့တံဆိပ် တစ်ထောင်ကျော်ကို ပေးအပ်ချီးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။
2022-11-22
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အရှေ့အာဖရိက ဒေသကနေ လူကုန်ကူးခံရသူ ၂၄ ဦးကို ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ရဲ့ အကူအညီနဲ့ ကင်ညာနဲ့ လာအိုအစိုးရတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင်းကနေ ကယ်တင်နိုင်ခဲ့ပါတယ်။
2022-11-22
အခုချိပ်ပိတ်ခံရတဲ့ နေအိမ်နဲ့ အဆောက်အအုံတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအပြင် ဗုံးပေါက်ကွဲမှု၊ ဆန္ဒပြမှု၊ CDM လှုပ်ရှားမှုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရပြီး ချိပ်ပိတ်သိမ်းယူခံရတာ ဖြစ်ပါတယ်။
2022-11-22
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်တွေအကြား နိုဝင်ဘာလ ၂၁ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2022-11-22
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဒီနှစ် ဇူလိုင်လ ၁၈ ရက်ကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာပါတယ်။
2022-11-21
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းကို စွမ်းအင်နဲ့ ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကနေ ရရှိနေတယ်လို့ NUG နဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့လို အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
2022-11-21
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ကလေးငယ် ၂၄၂ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
2022-11-21
ကရင်တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ ကရင်ပြည်သူ ၁၅၀၀ နီးပါးဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ လှိုင်းဘွဲ့မြို့နယ် တကောရွာမှာ နိုဝင်ဘာလ ၁၁ ရက်က တွေ့ဆုံခဲ့ပါတယ်။
2022-11-20
အမေရိကန်ရေတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မြန်မာလူမျိုး ကိုနေသန်က သူတတ်ကျွမ်းတဲ့ပန်းချီပညာနဲ့ နွေဦးတော်လှန်ရေးအကြောင်း ရုပ်ပြစာအုပ်ကို ကိုယ်တိုင်ဇာတ်လမ်းရေး၊ ကိုယ်တိုင်ပန်းချီဆွဲပြီး အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေခဲ့တာပါ။
2022-11-20
ညနေပိုင်း အကြောင်းကြားပြီး နောက်နေ့ မနက် ၆ နာရီလောက်မှာတော့ နာရီဝက်ပဲ အချိန်ပေးပြီး ချက်ချင်းထွက်ခိုင်းသလို နေအိမ်တွေကိုပါ ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိမ်အဖျက်ခံခဲ့ရသူက RFA ကို ပြောပါတယ်။