သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-25
မြန်မာစစ်တပ်ဟာ တရားဝင်ဖြစ်မှုနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိတဲ့အပြင် ဘက်ပေါင်းစုံမှာ စစ်မျက်နှာမျိုးစုံဖွင့်ပြီး တိုက်နေရတာဖြစ်တဲ့အတွက် အနိုင်ရမှာမဟုတ်ဘူးလို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
2023-10-25
အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ လေးစားသမှု ဒို့ရှေးရှု၊ အသံစုံပါမှုဂရုပြု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ သက်ဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအလိုက် ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုကို တောင်းဆိုတဲ့ ဆုတောင်းပွဲတွေ ဟောပြောဆွေးနွေးပွဲတွေကို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လူမှုအဖွဲ့အစည်းတွေက ဦးဆောင် ပြုလုပ်နေပါတယ်။
2023-10-25
စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံပျက်စီးသွားမဲ့ အခြေအနေကို ဦးတည်နေတယ်လို့လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
2023-10-25
ကလေးမြို့နယ်တောင်ပိုင်းကရွာတွေဆီ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ဂိတ်တွေမှာပိတ်ပင်ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စားသောက်နေထိုင်ရေး အခက်အခဲတွေ့နေရတာပါ။
2023-10-24
အခုလို မြန်မာစစ်ခေါင်းဆောင်တွေကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုဖို့ လျှောက်ထားလိုက်တာဟာ ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်တယ်လို့ ဖိလစ်ပိုင် ရှေ့နေ ဂေးလ်ဘတ် အန်ဒရေ က ပြောပါတယ်။
2023-10-24
စင်ကာပူက မြန်မာတွေဟာ အာဏာသိမ်းတာကိုဆန့်ကျင်ရာမှာ တက်ကြွတယ်လို့ နာမည်ရသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ စစ်ကောင်စီကိုထောက်ခံတဲ့ အင်အားစုတွေလည်း ရှိနေကြပါတယ်။
2023-10-24
၂၀၂၃ မေလကနေ ဩဂုတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဟာ ဖြတ်လေးဖြတ်ဗျူဟာအဖြစ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာလို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2023-10-24
အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်ကို နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ပြန်ခွင့်ပြုလိုက်ပါတယ်။
2023-10-24
စစ်ကောင်စီက သန်းခေါင်စာရင်းစမ်းသပ်ကောက်နေတာကို ပြည်သူတွေ စိတ်မဝင်စားကြသလို၊ ဆန့်ကျင်တာတွေ၊ တိုက်ခိုက်ခံရတာတွေ ရှိတဲ့အတွက် မအောင်မြင်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2023-10-23
အခုနောက်ပိုင်း စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့သူတွေကို သေဒဏ်၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ ပုဒ်မတွေကို ပိုပြီးအသုံးပြုလာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
2023-10-23
လူပေါင်း ခြောက်ဆယ်ကျော်သေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဒီနေ့မှာ တစ်နှစ်ပြည့်ပါပြီ။
2023-10-22
ဩဂုတ်လကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပစ္စည်းတွေ လျှော့ချကန့်သတ်ထားလို့ ထောင်ဝင်စာပစ္စည်းအရေအတွက် တိုးပေးဖို့လည်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
2023-10-22
လုပ်ငန်းရှင်အများစုဟာ သတ်မှတ်ထားတဲ့အထည်ရေ မချုပ်နိုင်ရင် လုပ်ခဖြတ်တာ၊ အခကြေးငွေမပေးဘဲ အချိန်ပိုဆင်းခိုင်းတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေကို ပုံစံမျိုးစုံနဲ့ ချိုးဖောက်နေကြတယ်လို့ ဆိုပါတယ်။
2023-10-21
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာ ရဲဘော် ကျီးကန်းဆိုတဲ့ နာမည်နဲ့ စစ်ပညာသင်ယူပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ခဲ့ပေမဲ့ ကံကြမ္မာဆိုးနဲ့ကြုံခဲ့ရလို့ အခုတော့ သူဝါသနာပါရာ ကျွမ်းကျင်တဲ့ ရိုက်ကူးရေးအလုပ်ကို ဆက်လုပ်နေပါတယ်။
2023-10-21
၂၀၂၃ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာကုန်အတွင်းမှာတင် စစ်ကောင်စီတပ်သားတွေကြောင့် အမျိုးသမီးခြောက်ဆယ်နီးပါး သေဆုံးခဲ့တယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။