သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-26
စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ပြည့်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်တဲ့အနေနဲ့ အိမ်ပြင်မထွက်ဘဲ အသံတိတ် သပိတ်ဆင်နွှဲကြဖို့ ဒီမိုကရေစီ ပြန်လည်ရရှိရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေက လူထုကို နှိုးဆော်ရင်း လှုပ်ရှားမှုမှာ လူတန်းစားအလွှာပေါင်းစုံ ပါဝင်ဖို့ ဆွေးနွေးပြင်ဆင်နေကြပါတယ်။
2022-01-26
ရန်ကုန်မြို့မှာ အခုရက်ပိုင်းတွေအတွင်း VPN အသုံးပြုတာတွေ ရှိ၊ မရှိ ပိုမိုတင်းကျပ် စစ်ဆေးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2022-01-26
စစ်တပ်ကအာဏာသိမ်းပြီး ကယားပြည်နယ်က လူဦးရေ ထက်ဝက် ကျော်ဟာ စစ်ဘေးဒုက္ခသည် အဖြစ် ရောက်ရှိနေကြရတယ်လို့ ပြောကြပါတယ်။
2022-01-25
မြန်မာနိုင်ငံကနေ တိုတယ်ကုမ္ပဏီ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုကြပေမဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်းထောင်ချီရနေတဲ့ စစ်ကောင်စီအတွက် အပြောင်းအလဲ မရှိနိုင်ဘူးလို့ နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
2022-01-25
အမေရိကန် ချက်ဗရွန်နဲ့ ပြင်သစ် တိုတယ်လ် ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ် ဆိုင်းတော့မယ့်အကြောင်း ကြေညာခဲ့ကြပါတယ်။
2022-01-25
မြန်မာနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့နေ့မှာ နိုင်ငံတစ်ဝန်း အသံတိတ် သပိတ်ပြုလုပ်ဖို့ ပြင်ဆင်နေကြချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီက အဲဒီလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ရင် ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်တဲ့ပုဒ်မတွေနဲ့ အရေးယူမယ်လို့ ဒီနေ့ ကြေညာပါတယ်။
2022-01-25
အိမ်ခြေ ၂၅၀၀ ခန့်ရှိတဲ့ ထန်တလန်မြို့မှာ အခုဆိုရင် မြို့နေအိမ် သုံးပုံတစ်ပုံခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး မြို့ခံအားလုံး စွန့်ခွာထွက်ပြေးရပါတယ်။
2022-01-24
စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီသြဇာခံတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ မူလက တူမီးလိုလက်နက်တွေကို သုံးစွဲနေရာကနေ ပိုမိုအဆင့်မြင့်တဲ့ လက်နက်တွေကို အခု ကိုင်ဆောင်လာနိုင်ကြပြီဖြစ်ပါတယ်။ ခေတ်မီ ရိုင်ဖယ်သေနတ်တွေကို မသုံးစွဲနိုင်သေးပေမယ့် ဒါဟာထိရောက်တဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဒီလိုလက်နက်တွေကို တောလှန်ရေးဒေသရောက် နည်းပညာတတ်ကျွမ်းသူတွေ၊ CDM တပ်မတော်အရာရှိတွေက ဦးဆောင်တီထွင်နေကြတာပါ။
2022-01-24
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့မှာ နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်နေပြီး သုံးပတ်ကျော် အတွင်း အရပ်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။
2022-01-24
RFA က လေ့လာချက်အရ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁ ရက်ကနေ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ဗုံးခွဲတိုက်ခိုက် မှုပေါင်း ၁၂၀ ကျော်ရှိခဲ့ပါတယ်။
2022-01-23
၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ မျှော်လင့်မထားတဲ့ အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
2022-01-21
အမေရိကန် ချက်ဗရွန်နဲ့ ပြင်သစ် တိုတယ် ရေနံ ဓာတ်ငွေ့ကုမ္ပဏီကြီး နှစ်ခု ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။
2022-01-21
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေသာလျှင် နောက်ဆုံးမှာ အနိုင်ရရှိမှာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားလိုက်ပါတယ်။ ကိုဂျင်မီရဲ့ဇနီးဖြစ်သူ မနီလာသိန်းကလည်း စစ်ကောင်စီ ဖယ်ရှားရေးအတွက် ဆက်လက်လှုပ်ရှားဆောင်ရွက်မှာ ဖြစ်ပြီး သူ့ခင်ပွန်းအမှုအတွက် ရှေ့နေငှားရမ်းမှာလည်း မဟုတ်ပါဘူးလို့ ပြောပါတယ်။
2022-01-21
ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ပတ်သက်လို့ လူ ၄၀၀ ကျော်ကို ဖမ်းဆီးထားပြီး နောက်ထပ် လူ ၂၅၀၀ နီးပါးကို စစ်ကောင်စီက အရေးယူဖို့ ပြင်နေပါတယ်။
2022-01-21
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စန်းမြို့ရွာကို စစ်တပ်က နှစ်ကြိမ် ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ် ၁၆၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။