သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-05
မကွေးလေဆိပ်တည်ဆောက်ရေး စီမံကိန်းအတွက် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေထဲက လုပ်ငန်းအကောင်အထည်မဖော်ရသေးသလို လျော်ကြေးငွေ ရယူထားခြင်းမရှိတဲ့ မြေဧက ၃၀၀ ကျော်ကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ (၇)နဲ့အတူ ပြန်လည်စွန့်လွှတ်ပေးဖို့ တောင်သူ ၁၀၀ ကျော်က ဒီနေ့ မကွေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2019-11-04
ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်မှာကို နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပေမယ့် ဒေသခံတွေကတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိ ဖြစ်နေပါတယ်။
2019-11-04
ရန်ကုန်တက္ကသိုလ် ပတ်လမ်းဖောက်လုပ်ဖို့အတွက် သစ်ပင်ဆက်ခုတ်မယ့်အစီအစဉ်ကို ယာယီရပ်ဆိုင်းထားဖို့ ကျောင်းအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတွေကြား ဒီနေ့ သဘောတူညီမှုရခဲ့ပါတယ်။
2019-11-04
တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးတဲ့ ဘက်စုံသုံးစစ်သင်္ဘောဝယ်ယူမှုကို တပ်မတော်က အတည်ပြုပါတယ်။
2019-11-04
တရုတ်နိုင်ငံကို ရောင်းစားခံခဲ့ရတဲ့ မြန်မာ အမျိုးသမီးတစ်ဦးကို တရုတ်ရဲနဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေက မူဆယ်မြို့က တဆင့် မြန်မာအာဏာပိုင်တွေ လက်ထဲ လွှဲပြောင်းပေးခဲ့ပါတယ်။
2019-11-04
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်မှာ အေအေအဖွဲ့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၊ အိန္ဒိယနိုင်ငံသားတချို့ အပါအဝင် ၁၀ ဦးကို မနေ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2019-11-04
ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာစစ်ဘေးရှောင်စခန်းမှာရှိတဲ့ Bawm လူမျိုးစုက လူဦးရေ ၁၀၀ နီးပါးကို ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူရဲ့ဇာတိဖြစ်တဲ့ ထန်တလန်မြို့နယ်၊ သီကီးရ်ကျေးရွာကို ရွှေ့ပြောင်းပေးဖို့ ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေပါတယ်။
2019-11-04
လေးမြို့မြစ်ပေါ်မှာ ရေကာတာ စီမံကိန်း တည်ဆောက်မယ်ဆိုရင် လူဦးရေ နှစ်သောင်းခွဲ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေထိခိုက်ပြီး ရွှေ့ပြောင်းနေထိုင်ရတာတွေ ဖြစ်လာနိုင်တဲ့ အတွက် ကန့်ကွက်ကြောင်း ချင်းမြစ်ချောင်းများအဖွဲ့ (CRW) က ပြောလိုက်ပါတယ်။
2019-11-04
၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စနေ- တနင်္ဂနွေ နှစ်ရက်က ကျင်းပခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေပါတယ်။
2019-11-03
ရွှေနဒီအမြန်ရေယာဉ်ပေါ်က တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်သားတချို့ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားတာနဲ့ ပတ်သက်ပြီး ရေယာဉ်လိုင်း ပိုင်ရှင်အပါအဝင် ရှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
2019-11-03
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ တက္ကသိုလ်ပတ်လမ်း ဖောက်လုပ်ဖို့ သစ်ပင် ၇၀ ကျော် ခုတ်လှဲမယ့် အစီအစဉ်ကို အသင်းအဖွဲ့တချို့က ကန့်ကွက်နေကြပါတယ်။
2019-11-02
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုူးချုပ်က - သတင်းသမားတွေကို ကာကွယ်တာဟာ လူအသိုင်းအဝိုင်းအတွက်အရေးကြီးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
2019-11-02
၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့က နိုဝင်ဘာလ ၂ ရက် စနေနေ့မှာ စတင်ကျင်းပနေပါတယ်။
2019-11-02
နွားတွေ တင်ဆောင်လာပြီး တရုတ်-မြန်မာနယ်စပ်ဘက်ကို ဦးတည်သွားနေတဲ့ ကားတစ်စီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ဒီမနက် ပစ်ခတ်ခံရတဲ့အတွက် ဒရိုင်ဘာ သေဆုံးပြီး၊ ကားပေါ်က နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2019-11-01
နိုင်ငံတကာဖြစ်ရပ်ကြီးတွေကို ကမ္ဘာကျော်စာစောင်တွေမှာ ရေးသားနေတဲ့ အလွတ် သတင်းထောက် Jonathan Gorvett က ရခိုင်ပြည်နယ်အခြေအနေနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်ကို သမိုင်းနောက်ခံတွေ၊ ဖြစ်ရပ်တွေ၊ ကုလသမဂ္ဂအရာရှိတွေနဲ့ ဒေသခံတွေရဲ့ ပြောဆို ချက်တွေ၊ ပြည်ပသတင်းတွေမှာ ဖော်ပြခဲ့တာတွေကို ကိုးကားပြီး နာမည်ကျော် Foreign Policy မဂ္ဂဇင်းမှာ အောက်တိုဘာလ (၃၁) ရက်နေ့က ရေးသားလိုက်ပါတယ်။