တိုင်းရင်းသားဖြစ်ခွင့် ဇိုမီးပါတီ ကြိုးပမ်းမည်


2013.10.24

ချင်းပြည်နယ်မှာနေထိုင်ကြတဲ့ ဇိုမီးတိုင်းရင်းသားတွေကို သီးသန့်တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုးပမ်းသွားမယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒီနေ့ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒီနေ့ ချင်းပြည်နယ် တီးတိန်မြို့မှာကျင်းပတဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၂၅နှစ်မြောက် အခမ်းအနားမှာ ထုတ်ပြန်ကြေညာလိုက်တာဖြစ်တယ်လို့ အဲဒီပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဂင်ကမ်းလျန်က RFA ကို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ ကြေညာချက်ထုတ်တာကတော့ ဒီဖွဲ့စည်းပုံပြင်ဖို့ဟာ အဓိကထားပါတယ်၊ နောက် ၂ဝ၁၄ ပင်လုံလိုညီလာခံမှာ တက်ရောက်ပြီး ကျနော်တို့ညီအစ်ကိုဖြစ်တဲ့ UNA အဖွဲ့နဲ့သော်၎င်း၊ UNFC နဲ့ တွဲပြီးတော့ ကျနော်တို့ လိုအပ်နေတဲh ဖယ်ဒရယ်ပြည်ထောင်စုဖြစ်မြောက်ဖို့ အဆိုတင်သွင်းဖို့ ပြင်ဆင်ထားပါတယ်၊ ချင်းအစား ဇိုမီးလို့ခေါ်ဆိုဖို့ အဲဒါလည်း ဆက်လက်ကြိုးပမ်းမယ်လို့ ကျနော်တို့ ကြေညာပါတယ်”

ဒါ့အပြင် အဲဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ ဇိုမီးတိုင်းရင်းသားတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဟောပြောခဲ့ကြောင်းလည်း သိရပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ပါတီဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး တရားဝင်ပါတီအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။