ကိုဇာဂနာနဲ့အဖွဲ့ ပြည်မြို့ ထောင်ဝင်စာခရီး သွားရောက်
2011.10.24

U.S. Premiere organizers
ကိုဇာဂနာနဲ့ အတူ ကိုဂေါ်ဇီလာ၊ ကိုစိန်သီး စတဲ့လူရွှင်တော်တွေ၊ နိုင်ငံရေး၊ လူမူရေးလှုပ်ရှားသူ ကိုမျိုးရန်နောင်သိမ်း၊ ပဲခူး က ကိုကျော်ဝင်းတို့လည်း အတူ လိုက်ပါလာပါတယ်။
ပြည်မြို့က ဒေသခံ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူတွေနဲ့ မျက်မောက် မြန်မာ့နိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်ဖလှယ်ကြတဲ့ စကားဝိုင်း တစ်ခုကို ပြုလုပ်ခဲ့ရာမှာ စိတ်ပါဝင်စားသူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့အတွက် ရည်စူးပြီး ညနေ ၇ နာရီလောက်မှာ ဧရာဝတီမြစ် အတွင်း ဆီမီးမျောပွဲ ကျင်းပမယ်လို့ သိရပါတယ်။