ဘာသာပေါင်းစုံလူငယ်တွေ ဘာသာရေး အဆောက်အဦးတွေ လေ့လာ
2014.05.24

ဘာသာမတူ လူငယ်တွေကြားမှာ သံသယတွေ လျော့နည်းပပျောက်စေအောင် ရည်ရွယ်ချက်နဲ့ ဘာသာခြား လူငယ် ၃၀ လောက် စုပေါင်းပြီး မော်လမြိုင်မြို့မှာ ဘာသာရေး အဆောက် အဦးတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။
အဲဒီလို ဘာသာရေးအဆောက်အဦးတွေကို သွားရောက်လေ့လာခွင့်ရအောင် စီစဉ်ပေးတဲ့ ရန်ကုန်မြို့ အခြေစိုက် SMILE ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (မော်လမြိုင်မြို့) တာဝန်ခံ မမွန်ကြည်က ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။
"လူငယ်တွေကြားထဲမှာ ဘာသာရေး ပဋိပက္ခအမြင်တွေ ရှိကောင်းရှိမယ်ပေါ့နော်၊ အဲဒီသံသယတွေကို ကျမတို့ ဖြေရှင်းပေးတယ်ပေါ့နော်၊ ဘာသာပေါင်းစုံ လူငယ်အချင်းချင်း သဟဇာတ ဖြစ်စေ ချင်တာလည်း ပါတယ်ပေါ့၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူငယ်တွေက ကွာဟနေတတ်တယ်ပေါ့၊ သိပ်ပြီးတော့ လက်လှမ်းမမီတာရှိ တယ်ပေါ့၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူငယ်တွေကြားထဲမှာလည်း သဟဇာတရှိတယ်၊ အဆက်အသွယ်ရှိ တယ်ပေါ့၊ အဲလိုမျိုးလည်း ဖြစ်စေချင်တာလည်းပါတယ်"
မော်လမြိုင်မြို့က မွန်မြတ်သော အိမ်ထောင်စု ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ရွှေမန်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ဈေးချိုဗလီနဲ့ လခိုဟိန္ဒူဘုရားရှိခိုးကျောင်းတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။
SMILE ဖေါင်ဒေးရှင်းရဲ့ စီစဉ်မှုနဲ့ အလားတူ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ တောင်ကြီးစတဲ့ မြို့ကြီးတွေမှာလည်း ဘာသာပေါင်းစုံက လူငယ်တွေဟာ ဘာသာရေးအဆောက်အဦးတွေကို သွားရောက်လေ့လာခဲ့တာတွေ ရှိခဲ့ပါတယ်။