လူငယ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်


2014.07.27
peace-forum-305 တောင်ကြီးမြို့မှာ ဇူလိုင်လ ၂၃ ရက်နေ့ကစတင်ကျင်းပတဲ့ လူငယ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: Kyaw Myo Tun / RFA

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စင်တာ (MPC)က ဦးဆောင်ပြီး လူငယ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲကို တောင်ကြီးမြို့ တောင်ကြီးဟိုတယ်နဲ့ ဟုတ်ကြန့်ဘုံကျောင်းတို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်ကနေ ဒီနေ့အထိ ငါးရက်ကြာ ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေးဟာ လူတစ်ဦးချင်းစီနဲ့ သက်ဆိုင်တဲ့ အကြောင်း အများသိစေချင်လို့ အခုလိုကျင်းပ တာဖြစ်ကြောင်း မြန်မာ နိုင်ငံငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)က ကိုမြင့်ကျော်က RFA ကိုပြောပါ တယ်။

"ရှမ်းပြည်ကိုရောက်ပြီး အဓိကလာလုပ်တာ ကတော့ ဒီနေရာမှာရှိတဲ့ လူတွေအကုန်လုံးပေါ့၊ အထူးသဖြင့်တော့ လူငယ်တွေပေါ့၊ လူငယ်တွေကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ဟာတွေကို ကျနော် တို့ သိစေချင်တယ်၊ နားလည်စေချင်တယ် နောက် ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုပ်ကိုင်နေကြ တဲ့လူတွေ ဘာတွေလုပ်နေကြလဲ၊ ပြီးတော့ တဘက်ကလက်နက်ကိုင်အဖွဲ့ရော၊ မဟုတ်တဲ့အဖွဲ့ အစည်းတွေရောပေါ့နော်၊ အားလုံးငြိမ်းချမ်းရေးက တစ်ဦး၊ တစ်ယောက်စီတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတဲ့ ကိစ္စကို ဒီနေ့က သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီမှာလာလုပ်တာပါ"

ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ၊ နိုင်ငံရေးပါတီတွေ ၊ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ အင်းသား စတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် လူ ၃၀၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။

အဲ့ဒီဖိုရမ်မှာ လူငယ်နှင့် ငြိမ်းချမ်းရေး၊ ပဋိပက္ခဖြေရှင်းရေး၊ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို လူငယ်နှင့် ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ ဖိုရမ်တွေကို ပြီးခဲ့တဲ့လတွေကလည်း မန္တလေးမြို့နဲ့ မုံရွာမြို့တို့မှာ ကျင်းပခဲ့သလို မကွေး၊ ဘားအံ၊ မော်လမြိုင် စတဲ့မြို့တွေမှာလည်း ဆက်လက်ကျင်းပသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။