ရမ်းဗြဲမြို့မှာ လူငယ်စွမ်းရည် မြှင့်တင်ရေး သင်တန်း ပိတ်ပင်ခံရ


2013.10.26

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကစီစဉ်တဲ့ လူငယ်စွမ်းရည်မြှင့်သင်တန်းကို ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ပုဒ်မ  ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် သင်တန်းမလုပ်ဖို့ မနေ့ကခေါ်ယူတားမြစ ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဒီပိတ်ပင်မှုနဲ့ ပတ်သက်လို့ ဝံလက်ဒေသဖွဲ့ဖြိုးရေးဖောင်ဒေးရှင်း၊ လူငယ်စွမ်းရည်မြှင့် သင်တန်းရေးရာတာဝန်ခံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခိုင်ကောင်းစံက RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ သင်တန်းလုပ်တာက လူငယ်တွေကို စွမ်းရည်မြှင့်ပေးတဲ့ သင်တန်းပါ၊ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့ပါမယ်၊ ဒါကိုအုပ်ချုပ်ရေးမှူးက သင်တန်းမလုပ်ဖို့ ပိတ်တာပါ”

မနေ့ကစတင်ပြီး ၆ ရက်တာကြာမြင့်မယ့် လူငယ်စွမ်းရည်မြှင့်သင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိပေးပြီးမှ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမနေ့အစီအစဉ်အပြီးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြုလုပ်ခြင်းမပြုဖို့ အခုလို ခေါ်ယူတားဖြစ်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဟာ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေကို ရခိုင်ပြည်နယ် မြောက်ဦး၊ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်ဖြူစတဲ့ မြို့နယ် ၁၁ ခုလောက်က ဒေသခံလူငယ်တွေကို သင်တန်းတွေပို့ချပေးနေတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။