သိမ်းဆည်းမြေကိစ္စ ရန်ကုန်တိုင်းအစိုးရ မေးခွန်းထုတ်ခံရ
သက်စုအောင်
2019.11.19
2019.11.19
ဝန်ကြီးဌာနတွေက ပြန်လည်စွန့်လွှတ်တဲ့မြေတွေကို ရန်ကုန်တိုင်းအစိုးရက မူလပိုင်ရှင်တွေထံ တိုက်ရိုက်ပြန်လည် ပေးအပ်တာမျိုးမရှိဘဲ မူလက လယ်မြေတွေကို အခြားနည်းသုံးစွဲခွင့်ပြုပြီး ၂၀ ရာခိုင်နှုန်းကို တောင်သူတွေ အကျိုး ခံစားခွင့်ပေးပြီး ကျန် ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းအသုံးပြုရန်မြေအဖြစ် ဆောင်ရွက်နေတာတွေ ရှိနေတယ်လို့ မင်းကင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မင်္ဂလာဒုံမြို့နယ်အတွင်းမှာရှိတဲ့ စမ်းကြီး၀နဲ့ ထောက်ကြံ့ကွင်းမှာ တပ်မတော်က ပြန်လည်စွန့်လွှတ်ပေးထားတဲ့ မြေဧက တစ်ထောင်ကျော်ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ တချို့ကို ပြန်ပေးအပ်ခဲ့ပေမယ့် ကျန်နေတဲ့ ဧက ၆၀၀ ကျော်ကို မူလပိုင်ရှင်တွေဆီ ပြန်မပေးဘဲ ရန်ကုန်တိုင်းအစိုးရက စီမံကိန်းမြေအဖြစ် ဆောင်ရွက်နေတဲ့အပေါ် မေးခွန်းထုတ်ခဲ့တာပါ။
ဦးမောင်မြင့်ရဲ့ မေးခွန်းအပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဒုတိယဝန်ကြီး ဦးတင်မြင့်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လက်ရှိ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ထပ်မံ သိမ်းဆည်းမယ့်မြေတွေကိုသာ တောင်သူ ၂၀ ၊ နိုင်ငံတော်က ၈၀ ရာခိုင်နှုန်းနဲ့ ခွင့်ပြုထားတာသာဖြစ်ပြီး အဲလို ဆောင်ရွက်ရာမှာလည်း တောင်သူတွေ သဘောတူမှသာ ဆောင်ရွက်ဖို့နဲ့ အရင်က သိမ်းဆည်းထားတဲ့ မြေတွေကို ခွင့်ပြုထားခဲ့တာမျိုး မရှိကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် တွံတေးမြို့နယ်မှာ ဧက ၁၈၀၀၀ ကျော်၊ တွံတေးကားလမ်းဘေးမှာ ဧက ၃ ထောင်ကျော်၊ လှည်းကူးမြို့နယ်မှာ ဧက တစ်ထောင်၊ ရန်ကုန်အရှေ့ပိုင်း ဒဂုံမှာ ဧက ၉၀၀၀ ကျော် သိမ်းဆည်းခွင့် ပြည်ထောင်စုအစိုးရကို တောင်းခံခဲ့တယ်လို့ သိရကြောင်း မြေသိမ်းဖို့ တင်ပြ တဲ့အခါ ဆောင်ရွက်မယ့် စီမံကိန်းတွေနဲ့ ဒါတွေကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြခဲ့တာတွေ ရှိသလားလို့ ဆက်စပ်မေးခွန်းမေးရာမှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူကဖြေကြားနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါ့အပြင် တောင်သူ ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော် ၈၀ ရာခိုင်နှုန်းဆိုပြီး စီမံကိန်းမြေအဖြစ် ဆောင်ရွက်မှာကို မလိုက်နာရင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် မရစေရဘူးလို့ အောက်ခြေမှာ ခြိမ်းခြောက်မှုတွေ ရှိနေတာကို သမ္မတရုံးအနေနဲ့ သိသလား ဦးမောင်မြင့်က မေးခွန်းထုတ်ခဲ့ပါတယ်။
မှုလပိုင်ရှင်တွေကို ပြန်ပေးရမယ့် လယ်ယာမြေတွေကို ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဘာကြောင့် ပြန်မပေးနိုင် တာလဲနဲ့ ဘယ်တော့ပြန်ပေးမလဲ ဆိုတာ သိချင်ကြောင်း မေးခွန်းပေါ်မှာလည်း ပြည်ထောင်စုအစိုးရအနေနဲ့ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပါဘူး။
မင်္ဂလာဒုံ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကတော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လက်တွေ့မြေပြင်မှာ အစည်းအဝေးတွေဆောင်ရွက်ရာမှာလည်း အာဏာကို အလွဲသုံးစားလုပ်ပြီး တောင်သူတွေကို ခြိမ်းခြောက်သဘောတူစေတဲ့ပုံစံတွေ ရှိနေတယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရကို သမ္မတရုံးက ညွှန်ကြားရာမှာတော့ မြေသိမ်းကိစ္စတွေ ဆောင်ရွက်ရာမှာ မြေပိုင်ရှင်တွေရဲ့ သဘောတူညီချက်ရယူပြီး အခုမှ စတင်သိမ်းဆည်းတာ ဟုတ် မဟုတ် စိစစ်ဖို့နဲ့ ပြန်လည်စွန့်လွှတ်ပေးရမည့် မြေတွေကို ပြန်လည်စွန့် လွှတ်ပေးခြင်းမရှိဘဲ ထပ်မံသိမ်းယူတာမျိုးမဖြစ်စေဖို့ အထူးဂရုစိုက်ရန်နဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ နစ်နာမှုမရှိစေဖို့ နိုင်ငံတော်ကချမှတ်ထားသည့် ပြန်လည်စွန့်လွှတ် ရမည့် မူဝါဒတွေနဲ့ ညီညွှတ်မှုရှိစေဖို့ ညွှန်ကြားထားတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က လွှတ်တော်မှာ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အရင် ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အခုအစိုးရလက်ထက်ကာလ နှစ်ခုအတွင်း ဝန်ကြီးဌာနတွေက ပြန်လည်စွန့်လွှတ်မြေ ဧက ၅၂၀၀၀ကျော် ရှိခဲ့ပြီး စိုက်ပျိုးမြေအဖြစ် လွှဲပြောင်းပေးအပ်သည့်မြေ ဧက ၂ သိန်း ၆ သောင်းကျော်နဲ့ စိုက်ပျိုးမြေမဟုတ်သည့် မူလပိုင်ရှင်တွေကို လွှဲပြောင်းပေးတဲ့ ဧက ၂ သိန်း ၄ သောင်းကျေ်ာ လွှဲပြောင်းပေးခဲ့သလို လွှဲပြောင်းပေးရန်စိစစ်ဆဲမြေဧက ၁၇၀၀၀ ကျော်ရှိတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက စာရင်းတွေအရ သိရပါတယ်။