မြေယာအငြင်းပွားမှုတွေ စိစစ်ပေးဖို့ အစိုးရထံ တိုက်တွန်း


2017.11.06
tuntunnaing-622 ကနီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင် ကို တွေ့ရစဉ်
.

မြေယာအငြင်းပွားမှုတွေကို လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုတွေ ပြန်လည်စိစစ်ရေး ကော်မတီတွေ ပြန်လည်စိစစ်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

လုပ်ငန်းရှင်တွေကို လုပ်ပိုင်ခွင့်တွေ ဆက်ပေးနေမယ်ဆိုရင် တောင်သူတွေအတွက် စဉ်းစားမပေးရာရောက်မှာ စိုးတာကြောင့် အခုလို အဆိုတင်သွင်းတာဖြစ်တယ်လို့ ကနီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင် က ပြောပါတယ်။

ဦးထွန်းထွန်းနိုင်က သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေမှာ ခွင့်ပြုချက်အမျိုးမျိုးနဲ့ လုပ်ပိုင်ခွင့်ရရှိထားသူတွေနဲ့ မူလတောင်သူတွေအကြား မြေယာအငြင်းပွားမှုတွေ ရှိနေတဲ့အတွက် စိစစ်ပေးဖို့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ကိုင်ဆောင်ရွက်ခွင့်ရထားသူတွေဟာ ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာဆောင်ရွက်မှု အားနည်းတယ်လို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်လုပ်နိုင်တာကို တာဝန်ကျေအောင်ဆောင် ရွက်မယ်ဆိုရင် ပြည်ထောင်စုအစိုးရကို တိုက်တွန်းနေစရာမလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။