စည်ပင်ရွေးကောက်ပွဲ မဲရုံမှူးတစ်ဦး သေဆုံး
2019.03.31

ရန်ကုန်မြို့မှာ စည်ပင်ရွေးကောက်ပွဲကျင်းပနေတဲ့ ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်က အ.မ.က (၁၃) မဲရုံမှာ မဲရုံမှူးတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းအုပ်ဆရာမတစ်ဦး ဒီနေ့မနက်က ရုတ်တရက်သေဆုံးသွားတယ်လို့ သိရပါတယ်။
မဲရုံမှူးတာဝန်ထမ်းဆောင်ရင်း မနက် ၆ နာရီခွဲလောက်မှာ ရုတ်တရက်လဲကျသွားခဲ့ပြီး နီးစပ်ရာဆေးခန်းကို ပို့ဆောင်ချိန်မှာ သေဆုံးသွားတာလို့ ရန်ကင်းမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာ က RFA ကို ပြောပါတယ်။
သေဆုံးသူမှာ လတ်တလော ဖြစ်ပွားနေတဲ့ ရောဂါမရှိဘူးလို့ ကျန်ရစ်တဲ့မိသားစုဝင်တွေရဲ့ ပြောပြချက်အရ သိရကြောင်းလည်း ကိုယ်စားလှယ် ဒေါ်သီတာ က ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၅၉ နှစ်အရွယ်ရှိပြီး ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ အမက (၁၃) ကျောင်းက ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။