လက်ရှိအစိုးရကို ထောက်ခံဖို့ ရမ္မာဝတီဆရာတော် တိုက်တွန်း


2015.10.31
yamawati-mabatha-620.jpg တောင်ကုတ်မြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပတဲ့ မျိုးစောင့်ဥပဒေလေးရပ် ထောက်ခံပွဲ အခမ်းအနားမှာ ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလက မိန့်ကြားနေစဉ်
Photo: Kyaw Htoon Naing/ RFA

အမျိုးစောင့်ဥပဒေ လေးရပ်ဟာ နိုင်ငံတော် သမ္မတရဲ့ မေတ္တာကြောင့် ပေါ်ပေါက် လာတာဖြစ်ပြီး မေတ္တာဟာ အသွားအပြန်ရှိသင့်တဲ့အကြောင်း ရမ္မာဝတီ ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလက မိန့်ကြားတော်မူပါတယ်။

တောင်ကုတ်မြို့မှာ မနေ့က ကျင်းပတဲ့ မျိုးစောင့်ဥပဒေလေးရပ် ထောက်ခံပွဲ အခမ်းအနားမှာ ရမ္မာဝတီဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလက မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"သမ္မတကြီးက သူတို့ခွင့်ပြုလို့သာ ဒီဥပဒေအစိုးရထုတ်ပြန်ပေးတာ၊ အဲ့တော့ သူတို့ကို မေတ္တာမပွားသင့်ဘူးလား၊ မေတ္တာဆိုတာ အလျားအနံမရှိပေမယ့်၊ အသွား အပြန်ရှိတယ်"

ဒီအခမ်းအနားမှာ ပြောကြားခဲ့တဲ့ သြဝါဒစကားတွေထဲမှာ လက်ရှိအစိုးရကို ထောက်ခံပေးဖို့ ရမ္မာဝတီဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။

ဆရာတော် မိန့်ကြားနေချိန်အတွင်း အခမ်းအနားမပြီးဆုံးခင် ထပြန်သူတွေ တော်တော်များများလည်းရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း မျိုးစောင့်ဥပဒေ လေး ရပ် ထောက်ခံကြိုဆိုပွဲကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ကျင်းပခဲ့ရာမှာ ဆရာတော် က အလားတူ မိန့်ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။