ဆန္ဒပြနေစဉ် ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ယောက် ဖမ်းဆီးခံရ


2019.01.02
yadanarpon-students-622.jpg တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေးတိုးမြှင့်ပေးဖို့ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ယောက် ဆန္ဒပြခဲ့စဉ်
Photo: Khaymani Win/RFA

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၄ ယောက်ဟာ တက္ကသိုလ်ဝင်းအတွင်း လုံခြုံရေး တိုးမြှင့်ပေးဖို့အတွက် ဒီနေ့မနက်က ကျောင်းရှေ့မှာ ဆန္ဒပြနေစဉ် အမရပူရရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

တောင်းဆိုချက်တွေ မရမချင်း ဆက်တိုက်တောင်းဆိုသွားမှာဖြစ်ကြောင်းနဲ့ သူတို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးတာကို ကန့်ကွက်ကြောင်း ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသားတွေက ပြောပါတယ်။

ရတနာပုံတက္ကသိုလ်မှာ လုံခြုံရေးတိုးမြှင့်ပေးဖို့ အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိလို့ဆိုပြီး မန္တလေးတိုင်းအစိုးရနဲ့ တက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ နာရေးအသုဘ အခမ်းအနားပုံစံလုပ်ပြီး ကျောင်းရှေ့မှာ ဒီဇင်ဘာလ ၂၈ရက်နေ့က ဆန္ဒပြခဲ့တာကြောင့် ကျောင်းသားတွေ အပါအဝင် ၈ ဦးကို အမရပူရရဲစခန်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေးအားမြှောက်မှု၊ တရားမဝင် စီတန်းလှည့်လည်မှုတို့နဲ့ အမှုဖွင့်ထားပြီး ဒီနေ့ ဖမ်းဆီးမှုနဲ့ဆိုရင် ၇ ဦးကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ ကျောင်းသားတွေ ဆန္ဒထုတ်ဖော်နေစဉ်မှာ ရတနာပုံတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူအချို့က ကျောင်းသားတွေကို အဆင်ပြေအောင် ညှိနှိုင်းပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် အမရပူရ ရဲစခန်းက ဖမ်းဆီးသွားခဲ့ တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။