ရတနာပုံကျောင်းသား ၇ယောက်ကို အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်
2019.02.13

ကျောင်းလုံခြုံရေးနဲ့ ကျောင်းတွင်းသန့်ရှင်းရေး တိုးမြှင့်ပေးဖို့ ရတနာပုံတက္ကသိုလ်ရှေ့ မီးရှို့ဆန္ဒပြခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ယောက်ကို အမရပူရမြို့နယ် တရားရုံးက ဒီနေ့ အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
အဲဒီကျောင်းသားတွေဟာ ကျောင်းတွင်းမှာလည်း ဆန္ဒပြတောင်းဆိုခဲ့ကြသလို မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နဲ့ ကျောင်း တာဝန်ရှိသူတချို့ရဲ့ ဓာတ်ပုံတွေကို မီးရှို့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလို ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသား ၇ ယောက်ကို အမရပူရမြို့နယ် ရဲတပ်ဖွဲ့က ဒုရဲမှူးနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ မီးရှို့မှု ပုဒ်မ ၄၃၅၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆိုတာကို တရားရုံးက ပယ်ဖျက်လိုက်ပါတယ်။ မီးရှို့မှုပုဒ်မ ၄၃၅ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃လ၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂လ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံဖို့ နဲ့ ချုပ်ရက်တွေ ခံစားခွင့်ရှိတယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း နဲ့ ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။