WY ဆေးပြား ၃ သန်းနီးပါး ဖမ်းမိ


2018.10.22
wy-butheetaung-622.jpg မာမွတ်အီစလမ်နှင့် ယာဉ်မောင်းဖြစ်သူ မူဟာမတ်ဟာရော တို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရပုံ။
ဓာတ်ပုံ- ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ WY စိတ်ကြွဆေးပြား အရေအတွက် ၃ သန်းနီးပါးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိပါတယ်။

ဘူးသီးတောင်မြို့မရပ်ကွက်ကနေ ရွာမကျေးရွာဘက်ကိုသွားတဲ့ ကားလမ်းမဘေးမှာ မီးသွေးအိတ် ၅၀ ကျော်တင်ပြီး ရပ်ထားတဲ့ကားတစ်စီးကို မသင်္ကာတဲ့အတွက် စစ်ဆေးရာမှာ မီးသွေးအိတ်တွေထဲမှာ သိုဝှက်ထားတဲ့ WY စိတ်ကြွဆေးပြားပေါင်း ၂ သန်းနီးပါးကို ကနဦး သိမ်းဆည်းရမိခဲ့တာပါ။

ယာဉ်မောင်းဖြစ်သူ မူဟာမတ်ဟာရောကို ဆက်လက်စစ်ဆေးချက်အရ ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်မှာ နေထိုင်တဲ့ မာမတ်အီစ္စာလာမ်ရဲ့ နေအိမ်အောက်က မီးသွေးအိတ်တွေထဲကနေ နောက်ထပ် WY စိတ်ကြွဆေးပြား ၁ သန်းနီးပါးကို ထပ်မံသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

မနေ့ကသိမ်းဆည်းရမိတဲ့ WY စိတ်ကြွဆေးပြားရဲ့ကာလတန်ဖိုးဟာ ငွေကျပ်သန်းပေါင်း ၅၇၀၀ ကျော်တန်ဖိုးရှိပြီး ယာဉ်မောင်းဖြစ်တဲ့ မူဟာမတ်ဟာရော နဲ့ နေအိမ်ကနေ သိမ်းဆည်းရမိခဲ့တဲ့ မာမွတ်အီစလမ် တို့ကို ရဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။