တစ်ရက် ကျပ် ၃၆၀၀ နှုန်းထား အများလက်ခံတယ်လို့ ဒု ဝန်ကြီးပြော


2015.07.26
workers-gov-press-620.jpg လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ ဇူလိုင်လ ၂၆ ရက်နေ့က အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက အလုပ်သမားကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ဆုံနေစဉ်
Photo: Wai Yan Moe Myint/ RFA

အနိမ့်ဆုံးလုပ်ခကို တစ်ရက် ကျပ် ၄၀၀၀ ပေးဖို့ တောင်းဆိုကြတဲ့ အလုပ်သမားတွေက တစ်ရက် ကျပ် ၃၆၀၀ နှုန်းထား အတိုင်း အလုပ်သမားအများစုတို့က လက်ခံကြတယ်လို့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန က ပြောပါတယ်။

ဒီနေ့ လှိုင်သာယာမြို့နယ် ကနောင်ခန်းမမှာ တစ်ရက် လုပ်ခ ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုထားတဲ့ အလုပ် သမားကိုယ်စားလှယ်တွေကို ခေါ်ယူတွေ့ ဆုံတဲ့ အခမ်းအနားမှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောပါတယ်။

"အနည်းဆုံးလုပ်ခကြေးငွေ သတ်မှတ်တဲ့ကိစ္စမှာ သြဂုတ်လ ၃၁ ရက်နေ့တော့ နောက်ဆုံးထားထားတယ်၊ ဒီနေ့ လှိုင်သာယာမှာ အလုပ်ရှင်လည်းတွေ့တယ်၊ အလုပ်သမားလည်းတွေ့တယ်၊ ရန်ကုန်တစ်မြို့လုံးမှာရှိသော၊ ကန့်ကွက် ထားသော လုပ်ငန်းရှင်အကုန်၊ ထောက်ခံထားတဲ့လုပ်ငန်းရှင်အကုန်၊ ကန့်ကွက်ထားသော အလုပ်သမား အကုန်၊ ထောက်ခံထားတဲ့ အလုပ်သမားအကုန် တွေ့ဆုံပြီးရင် အဖြေတစ်ခုထွက်လာမယ်၊ အခုတော့လည်း ၄၀၀၀ ရမှ၊ ဘာမှနည်း ပါတယ်၊ အခု ၃၆၀၀ လည်းသူတို့ ကျေနပ်ပါတယ်လို့ ဖြစ်နေကြပြီ၊ အနည်းငယ်ပြောင်းလဲသွားမယ် ဆိုတာ ရှိကောင်းလည်းရှိနိုင်ပါတယ်၊ လျော့သွားဖို့တော့ မဖြစ်နိုင်တော့ဘူးလို့ မြင်ပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ Gallant Ocean အအေးခန်းစက်ရုံ၊ စံကောင်း ပီနံအိတ်စက်ရုံ၊ တိုင်ရီ ဖိနပ် စက်ရုံ၊ အေဝမ်း အထည်ချုပ်စက်ရုံ စတဲ့ စက်ရုံ ၁၀ ရုံကျော်က အလုပ်သမားသမဂ္ဂက ကိုယ်စားလှယ်တွေက အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက် ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အနိမ့်ဆုံးလုပ်ခ တစ်ရက် ကျပ်၂၅၀၀ ပဲ ပေးနိုင်မယ်လို့ ပြောဆိုနေကြတဲ့ ရန်ကုန်မြို့က လုပ်ငန်း ရှင် ၅၀ ကျော်နဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အလုပ်ရှင်တွေဖက်က ကျပ် ၃၆၀၀ နှုန်းထားကို လက်ခံပေးလိုက်တယ်လို့ ဒေါ်ဝင်းမော်ထွန်း က ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ Gallant Ocean အအေးခန်းစက်ရုံက အခြေခံအလုပ်သမားအဖွဲ့ဥက္ကဌ ဒေါ်လှလှကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။