ဥပဒေရေးရာအဖွဲ့ဝင် ၄ ဦးပြောင်းလဲ
2016.04.05

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖဲ့ွဝင် ဦးဝင်းထိန်ကို ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် ဒီနေ့ တာဝန်ပေးအပ် လိုက်ပါတယ်။
ကော်မရှင်မှာ ပါဝင်တဲ့ အဖွဲ့ဝင်ဟောင်း ၄ ဦးဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဝင်တွေအဖြစ် ခန့်အပ်တာ ဝန်ပေးခံလိုက်ရတဲ့အတွက် သူတို့နေရာမှာ အစားထိုး ခန့်အပ်မယ့် အဖွဲ့ဝင် ၄ ဦးအမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာခဲ့တာဖြစ်ပါတယ်။
"အဆိုပါနှုတ်ထွက်သွားတဲ့ ကော်မရှင်အဖွဲ့ဝင်နေရာများမှာ အသစ်ထည့်သွင်း ဖွဲ့စည်းမယ့် ပုဂ္ဂိုလ်များ ကတော့ ဒေါက်တာသန်းဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဒုဥက္ကဌ ၂ အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းထိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ဦးညီထွန်း အဖွဲ့ဝင် ငြိမ်း၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ ဦးကိုဝင်း ညွှန်ကြားရေးမှူးချုပ် ငြိမ်း၊ ပညာရေး စီမံကိန်းနှင့် လေ့ ကျင့်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့အား ခန့်အပ်တာဝန်ပေးမှာဖြစ်ပါတယ်"
အဲ့ဒီကော်မရှင်ကို အဖွဲ့ဝင် ၃၅ဦး နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒုဥက္ကဌ ၂ အဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာ ဝင်းမြတ်အေး ဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ် ပါတယ်။
ဒေါက်တာမြင့်ထွေး ဟာ ကျန်းမာရေးဝန်ကြီး၊ ဦးစိုးရယ် နဲ့ ဦးအောင်မြင့်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် အဖွဲ့ဝင်တွေအဖြစ် တာဝန်ပေးအပ် ခံထားရတဲ့အတွက် ကော်မရှင်အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်လိုက် တာဖြစ်ပါတယ်။
နှုတ်ထွက်လိုက်သူ ၄ ဦးနေရာမှာ အစားထိုးခန့်အပ်မယ့်သူ ၄ ဦးကို လွှတ်တော်မှာ ကန့်ကွက်သူမရှိတဲ့အတွက် ဒီနေ့ အတည်ပြုလိုက်ပါတယ်။