မဲစာရင်းစစ် NLD ပါတီဝင်နှစ်ဦး တရားစွဲခံရ
2015.06.27
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတွေလိုက်လံစိစစ်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၂ ဦးကို ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ရာအိမ်မှူးက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုလိုက်ပါတယ်။
တရားဝင်ခွင့်တောင်းပြီးမှ အိမ်ထဲဝင်ရောက်ပြီး မဲစာရင်းစိစစ်ခဲ့တာကို ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ခံရတာ လို့ နေပြည်တော်ကောင်စီ NLD ပါတီဝင် ကိုညီညီဇော်က ပြောပါတယ်။
"ရာအိမ်မှူးရဲ့သမက်အိမ် အဲ့ဒီအိမ်က သူတို့ဝင်ခွင့်ပေးလို့ဝင်ခဲ့တာ ဘာမှပြဿနာမရှိဘူး၊ ၃ ယောက်ကို မဲစာရင်းစိစစ်ပေးခဲ့တယ်၊ နောက်ရက်ကျတော့ အမှုဖွင့်တယ်ဆိုတဲ့ သတင်းကိုကြားရပါတယ်၊ အဲ့ဒီက အိမ်ရှင်ကပေါ့လေ ပိုင်နက်ကျူးလွန်မှုနဲ့ ရဲစခန်းနေပြီးတော့ အမှုဖွင့်တာ"
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က NLD ပါတီဝင် ဦးတင်ဌေးနဲ့ ဦးစိန်မြမောင်တို့ဟာ မဲစာရင်းတွေ သွားရောက်စိစစ် ခဲ့စဉ်က ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရက်ကွက် ရာအိမ်မှူးက ပိုင်နက်ကျူးလွန်မှုနဲ့ နေပြည်တော် အမှတ် (၁) ရဲစခန်းမှာ ဇွန်လ ၂ဝ ရက်နေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်
မဲစာရင်းစီစစ်မှုတွေကို NLD ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်း ဆောင်ရွက် နေကြ တာ ဖြစ်ပါတယ်။
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း မဲစာရင်းလိုက်ကောက်တဲ့ NLD ပါတီဝင်တွေကို ပိုင်နက်ကျူးလွန်မူနဲ့ တရားစွဲတဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇဗ္ဗူသီရိမြို့နယ် NLD ပါတီ ဥက္ကဌ ဦးမောင်မောင်ဆွေကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။