ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရခိုင်ပြည်နယ်ကိုသွားဖို့ တိုက်တွန်း


2016.12.09
vijay-nambiar-620.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar ကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Min Thein Aung

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘူးသီးတောင်နဲ့ မောင်တောကို သွားရောက်ပြီး အရပ်သားတွေရဲ့ လုံခြုံမှုကို အကာအကွယ်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား Vijay Nambiar က မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိရှိ၊ နားလည်တယ်လို့ မိမိအနေနဲ့ နားလည်ယူဆထားကြောင်း ဒါပေမဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေဟာ သဘောထားတင်းမာသူတွေကို ဆန့်ကျင်ပြီး ရပ်တည်ဖို့ ပျက်ကွက်တာအပြင် ဒေသခံတွေရဲ့ လုံခြုံမှုကို အကာအကွယ်ပေးရမယ့်အစား ယေဘုယျအားဖြင့် ခုခံချေပပြောဆိုမှုတွေကြောင့် ပြည်တွင်းမှာလည်း အားမလိုအားမရဖြစ်ရသလို နိုင်ငံတကာအသိုင်းအဝိုင်းအတွက် လည်း စိတ်မသက်မသာဖြစ်ရကြောင်း မစ္စတာနမ်ဘီးယား က ပြောဆိုပါတယ်။

အဲဒီလိုစိုးရိမ်ပူပန်မှုတွေကို တုန့်ပြန်ဖြေရှင်းနိုင်မှသာ မြန်မာအစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ အကြပ်အတည်း ကို ဖြေရှင်းနိုင်မှာဖြစ်သလို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြား ရပ်တည်မှုကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ဆိုပါတယ်။

တခြားကိစ္စတွေမှာလိုပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိရဲ့ ရင်ထဲကသဘောထား ဆန္ဒအမှန်အတိုင်း မြန် မာနိုင်ငံသားတွေအနေနဲ့ လူမျိုး၊ ဘာသာ၊ မတူကွဲပြားမှုတွေကို ကျော်လွှားပြီး လူသားတွေရဲ့ ဂုဏ်သိက္ခာအတိုင်း အတူတကွ သဟဇာတရှိစွာ လက်တွဲနေထိုင်ကြဖို့အတွက် တိုက်တွန်းပြောကြားစေလိုကြောင်းလည်း မစ္စတာ နမ်ဘီးယား က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။