ကတိကဝတ်ထက် လက်တွေ့လုပ်ဖို့ အဓိကကျကြောင်း ကုလ အထူးကိုယ်စားလှယ်ပြောကြား

မြန်မာနိုင်ငံမှာ ဦးသိန်းစိန် သမ္မတဖြစ်လာချိန် ပြောကြားတဲ့ မိန့်ခွန်းမှာ အရေးကြီးတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ထည့်သွင်း ကတိပေးခဲ့တာကို ကုလသမဂ္ဂအနေနဲ့ ကြိုဆိုကြောင်း၊ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့က အဓိက သော့ချက်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ Vijay Nambir က မနေ့က ပြောကြားလိုက်ပါတယ်။

2011.05.14
assk_vijay-nambiar_305_z မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံစဉ်။ (Photo: AFP)
AFP

မစ္စတာ နမ်ဘီယားဟာ ၃ ရက်ကြာ မြန်မာခရီးစဉ်ကို မနေ့က အဆုံးသတ်လိုက်ပြီး ကြေညာချက်တရပ် ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရက်သတ္တပတ် ၆ ပတ်သာ သက်တမ်းရှိသေးတဲ့ မြန်မာအစိုးရ အကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုအလုပ်အမှုဆောင်တွေ အပြင် နိုင်ငံရေးမှာ ပါထိုက်သူတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံရာမှာ- နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ကဏ္ဍအသီးသီးက ပါသင့်ပါထိုက်သူ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ မြန်မာအစိုးရက လုပ်ဆောင်မယ့် ပြုပြင်ပြောင်းလဲရေးတွေ အကျိုးရှိ ကျယ်ပြန့်လာအောင် နိုင်ငံတကာနဲ့ ပိုပြီး ထိတွေ့ ဆက်ဆံလာဖို့ လုပ်အပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။