သမ္မတဦးသိန်းစိန် ရခိုင်ပြည်မှာ အားပေး


2014.12.25
utheinsein-305.jpg သမ္မတ ဦးသိန်းစိန်ပုံ
photo: President Office Website
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမ မှာ ကျောက်ဖြူ မြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုး တက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျောက်ဖြူအထူး စီးပွားရေးဇုန် တည်ဆောက်မယ့်အခြေအနေတွေ နဲ့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိရေး အတွက် ဆောင်ရွက်နေကြောင်း ပြောခဲ့တယ် လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ကျောက်ဖြူမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး လုပ်ပေးထားတဲ့အကြောင်း နောက်ပြီးတော့ လျှပ်စစ်မီးရရှိရေး အတွက် လုပ်ပေးထားတဲ့အကြောင်း၊ နောက်တခါ ကျောက်ဖြူမြို့ရဲ့ စီးပွားရေး အလားအလာနဲ့ ပတ်သက်လို့ အထူးစီးပွားရေးဇုန် တည်ဆောက်ပေးဖို့ အစီအစဉ်တွေရှိတဲ့အကြောင်း၊ ရေနံနဲ့ပတ်သက်တဲ့ ရေနက်ဆိပ်ကမ်း စဆောက်ပြီဖြစ်တဲ့အတွက်ကြောင့် ဓါတ်ငွေ့ကို တရုတ်ပြည်တင်ပို့တဲ့အပြင် ရေနံပိုက်လိုင်းကလည်း မကြာခင် ကာလအတွင်းမှာ ရေနံပို့တဲ့လုပ်ငန်းကို လုပ်နိုင်တော့မယ် ဆိုတဲ့အကြောင်းတွေပြောတယ်၊ အဲ့လိုလုပ်ငန်းတွေ လုပ်တဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြတယ်"

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေ တည်ငြိမ်နေပြီဖြစ်တာကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုသာ ကြိုးစားဆောင်ရွက်ကြဖို့ ပြောသွားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောပြပါတယ်။ တွေ့ဆုံ ပွဲမှာ အချိန်အခက်အခဲကြောင့် ဒေသခံတွေဘက်က သူတို့ရဲ့လိုအပ်ချက်တွေကို တင်ပြခွင့်မရခဲ့ဘူးလို့ သိရပါ တယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနက်ဖြန် စစ်တွေမြို့မှာ ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဦးမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမမှာ မြို့ခံတွေ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ ၂၀၀ လောက်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ့တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ကျောက်ဖြူမြိုု့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။