မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ခန့်အပ်တာဝန်ပေး
2011.04.11

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးပေးမှုရအောင် အမေရိကန် အထူးသံကိုယ်စားလှယ် အနေနဲ့ ကြိုးစားသွားမဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်နီးခြင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားသလို အိမ်နီးချင်း အိန္ဒိယ နဲ့ တရုတ်နိုင်ငံတွေကလည်း မြန်မာအစိုးရနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နေတာ ဖြစ်တဲ့အတွက် အမေရိကန် အထူးကိုယ်စားလှယ်အတွက် အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
တကယ်လို့ သမတ အိုဘားမားက မစ္စတာ မစ်ချဲလ်ကို အထူးသံကိုယ်စားလှယ်အဖြစ် သတ်မှတ်လိုက်ပြီးရင် အထက်လွှတ်တော်က အပြီးသတ် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ မစ္စတာ မစ်ချဲလ်ဟာ တရုတ်နိုင်ငံရေးရာ ကျွမ်းကျင်သူတဦး ဖြစ်ပြီး အာရှနိုင်ငံ အတွေ့အကြုံတွေ ရှိသူ တဦး ဖြစ်ပါတယ်။ သူ့ကိုခန့်အပ်မဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေကိုတော့ တစုံတရာ မပြောဆိုသေးပါဘူး။