မြန်မာ့အရေး ဖိအားပေးဖို့ ကလင်တန်အား အထက်လွှတ်တော်အမျိုးသမီးများ တိုက်တွန်း

မြန်မာစစ်တပ်က တိုင်းရင်းသူ အမျိုးသမီးတွေ အပေါ် အတင်း အဓမ္မပြုကျင့်တာတွေ ရပ်တန့်သွားအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖိအားပေးဖို့ နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် ဆီကို အမေရိကန် အထက် လွှတ်တော် အမျိုးသမီး (၁၃) ဦးက သြဂုတ်လ ၁၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက် ပါတယ်။

2011.08.10
congress_capitol_305_z.jpg ဝါရှင်တန်ဒီစီ မြို့တော်တွင် တည်ရှိသည့်၊ အမေရိကန် ပြည်ထောင်စု၏ ဒီမိုကရေစီ မဏ္ဍိုင်ဖြစ်သော ကွန်ဂရက် လွှတ်တော် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အဓမ္မပြုကျင့်တာကို မြန်မာ အစိုးရက စစ်လက်နက် သဖွယ် အသုံးချနေတာကြောင့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် မြန်မာနိုင်ငံကို စေလွှတ်ရေး အတွက် အမြန်ဆုံး အကောင်အထည် ဖေါ်အောင် ဆောင်ရွက်ပေးဖို့ စာထဲမှာ တိုက်တွန်းထား ပါတယ်။

အဓမ္မပြုကျင့်တာကို မြန်မာ အစိုးရက စစ်လက်နက် သဖွယ် အသုံးချနေတာကြောင့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် မြန်မာနိုင်ငံကို စေလွှတ်ရေး အတွက် အမြန်ဆုံး အကောင်အထည် ဖေါ်အောင် ဆောင်ရွက်ပေးဖို့ စာထဲမှာ တိုက်တွန်းထား ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကချင်နဲ့ ကရင်ဒေသတွေက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို အမေရိကန် အထက်လွှတ်တော် အမျိုးသမီးတွေက အတော်လေး စိုးရိမ်နေတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ ညွန်ကြားရေးမူး Jennifer Quigley က ပြောပါတယ်။

မြန်မာ တိုင်းရင်းသူ အမျိူးသမီးတွေ အပေါ် အတင်းအဓမ္မ ပြုကျင့်မှုတွေ၊ အဲဒီရဲ့ အကျိုးဆက်တွေ၊ နောက်အမျိူးသမီးတွေရဲ့လုံခြုံရေးကို အမေရိကန် အထက်လွှတ်တော် အမျိုးသမီးတွေ အနေနဲ့ ဘယ်လောက်အထိ စိုးရိမ်မကင်း ဖြစ်နေသလဲဆိုတာ ပြလိုက်တာပါ။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသက မြန်မာ တိုင်းရင်းသူတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဝိုင်းဝန်း အကာအကွယ် ပေးနိုင်ဖို့ သူတို့ တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

USCB အဖွဲ့ဟာ အမေရိကန် လွှတ်တော်မှာ မြန်မာ့ အရေး အလေးပေး ဆောင်ရွက်လာအောင် ကြိုးပမ်း ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ ဖြစ်ပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က မေးမြန်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။