မြန်မာ အရာရှိတချို့ကို ကန် ဗီဇာ ပိတ်ပင်
2018.07.10
မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ခေတ္တ လာရောက်လိုသူတွေထဲက အစိုးရအရာရှိတချို့ကို ပြည်ဝင် ခွင့်ဗီဇာ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက အင်္ဂါနေ့ မနေ့က ကြေညာလိုက် ပါတယ်။ မြန်မာနဲ့လာအိုအစိုးရတွေဟာ အမေရိကန်အစိုးရက တိုင်းပြည်အန္ဒရာယ်ရှိတဲ့အတွက် ပြည်နှင်ဒဏ်ပေး လိုက်တဲ့ သူတို့နိုင်ငံသားတွေကို ပြန်လည်လက်ခံရန် ငြင်းဆန်ခဲ့ကြတဲ့အတွက် အဲဒီနိုင်ငံ ၂ ခုက လူတွေကို အခုလိုပြည်ဝင်ခွင့်ပိတ်လိုက်တာဖြစ်ပါတယ်။
အခုအမိန့်အရ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ်နဲ့ အထက်အဆင့် အရာရှိတွေကို ဇူလိုင် ၉ ရက်ကစပြီး B1 အလုပ်အကိုင်ဗီဇာနဲ့ B2 အလည်အပတ်ဗီဇာတွေနဲ့ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်း မပြုတော့ဘူးလို့ သိရပါတယ်။ ကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက သက်ဆိုင်ရာကောင်စစ်ဝန်တွေကို တနင်္လာနေ့မှာ ဒီကိစ္စအတွက် ဆက်သွယ်ညွန်ကြားခဲ့တယ်လို့လည်းဆိုပါတယ်။
မြန်မာနဲ့ လာအိုနိုင်ငံတွေက သင့်တော်သလို အရေးယူဆောင်ရွက်ခြင်း မရှိဘူးဆိုရင် တခြား ဗီဇာအမျိုးအစားတွေကိုပါ နိုင်ငံခြားရေးဌာနက တိုးချဲ့ ပိတ်ဆို့မယ်လို့လည်း ပြောပါတယ်။