မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အမေရိကန်အစိုးရ စိတ်ပျက်

အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတဲ့ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က ပြောကြားလိုက်ပါတယ်။

2012.01.04
us-states-separtment-nuland-305 အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။
US Department of State

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ထောင်ကျော် ကျန်ရှိနေသေးတဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း၊ အမေရိကန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မြင်တွေ့ချင်တဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်တဲ့အထိ မြန်မာအစိုးရကို ဆက်လက်ဖိအားပေးသွားမှာ ဖြစ်ကြောင်း Ms. Nuland ပြောသွားပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကျန်နေတာကိုက များလွန်းလှတယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့တဲ့လ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်တွေကို ပြောကြားထားခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာအစိုးရရဲ့ အခုဆောင်ရွက်ချက်ဟာ အမေရိကန်အစိုးရ အသိအမှတ်ပြုတုံ့ပြန်ရမယ့် အဆင့်တစ်ရပ်မဟုတ်ကြောင်းကိုလည်း Ms. Nuland ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုမရှိရင် အမေရိကန်အစိုးရအနေနဲ့ ပြစ်ဒဏ်ခတ်ပိတ်ဆိုမှုတွေကို ရုပ်သိမ်းပေးမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-04 15:14

ဦးသိန်းစိန်ယူးနေပြီလား

Anonymous
2012-01-04 16:59

မြန်မာအစိုး၇အနေနဲ့လည်း နာမည်ကောင်း၇နိုင်မယ့် အခွင့်အလမ်းကြီး တစ်ခု ဆုံး၇ှုံးသွား ခြင်း ဖြစ်ပါတယ်။ လွှတ်ပေး၇မယ့် အတူတူ ချက်ချင်းလွှတ်ပေးလိုက်ခြင်း အားဖြင့် အစိုး၇အပေါ် ယုံကြည်မှု ။ Sanction ၇ုပ်သိမ်းမှု ။ အနာဂါတ် မှော်လင့်ချက် တိုးတက်မှု ။ အစ၇ှိတဲ့ ကောင်းကျိုးအများကြီး ၇၇ှိနိုင်တာ ဘာဖြစ်လို့ လွှတ်မပေးနိုင်၇တာလဲလို့ နားမလည်နိုင်ပါ ။ နိုင်ငံေ၇း အကျဉ်းသားတွေ၇ဲ့ အပြစ်က ( ပုဒ်ထီး/ ပုဒ်မတွေ အသာထား) လက်သီးလေးဆုပ်ပြီး သူတို့ ယုံကြည်တဲ့ခံယူချက်ကို အများသိအောင် ဖော်ပြမိတာလေးပါပဲ ။ အမြန်ဆုံး ပြန်လွှတ်ဖို့ မျှော်လင့်မိပါတယ်။

Anonymous
2012-01-04 19:24

please wait till union day