ရိုဟင်ဂျာဒုက္ခသည်တွေကို အမေရိကန်က ဒေါ်လာ ၇၃ သန်း ကူညီမည်

RFA Burmese
2025.03.28
ရိုဟင်ဂျာဒုက္ခသည်တွေကို အမေရိကန်က ဒေါ်လာ ၇၃ သန်း ကူညီမည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာအကူအညီတွေ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာများကို တွေ့ရစဉ်။ © UNHCR/Andrew McConnell
UNHCR

ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP)ကတဆင့် အမေရိကန်ဒေါ်လာ ၇၃ သန်းကူညီပံ့ပိုးမယ်လို့ အမေရိကန်အစိုးရက မတ်လ ၂၇ ရက် ကြာသပတေးနေ့မှာ ပြောကြားပါတယ်။

နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်မယ်ဆိုရင် ဒီပြသနာကို ပိုမိုဆိုးဝါးစေလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေပေါ်ထွက်နေစဉ်အတွင်း အမေရိကန်ပြည်ထောင်စုက အခုလိုပြောကြားလိုက်တာပါ။

နိုင်ငံခြားရေးဌာနပြောခွင့်ရ Tammy Bruce က ဒုက္ခသည်တစ်သန်းကျော်ကို အခုလို စားနပ်ရိက္ခာတွေ လှူဒါန်းခြင်းအားဖြင့် အရေးပေါ်လိုအပ်ချက်တွေ ရရှိနိုင်မှာဖြစ်ကြောင်းနဲ့ တခြားနိုင်ငံတကာမိတ်ဆွေတွေလည်း ဝန်ထုပ်ဝန်ပိုးတွေကို မိမိတို့လိုပဲ ပါဝင်ကူညီဖို့ အရေးကြီးပါတယ်လို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက နိုင်ငံခြားအကူအညီတွေကို ဖြတ်တောက်နေစဉ်အတွင်း အခုလို ကူညီမယ့် သတင်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။

နိုင်ငံတကာအကူညီတွေ နည်းပါးသွားမယ်ဆိုရင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့မှု လျော့နည်းထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

အမေရိကန်အစိုးရဟာ ရိုဟင်ဂျာတွေကို အများဆုံးကူညီနေတဲ့နိုင်ငံဖြစ်ပြီး ၂ဝ၁၇ခုနှစ်ကနေ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ သန်း ၂၄ဝဝ နီးပါး ပေးအပ်ကူညီခဲ့ပြီးပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။