မြန်မာဒီမိုကရေစီရေး ဆက်လက်ထောက်ခံအားပေးမယ်လို့ ကန် နိုင်ငံခြားရေးဝန်ကြီးပြော

RFA Burmese
2025.04.13
မြန်မာဒီမိုကရေစီရေး ဆက်လက်ထောက်ခံအားပေးမယ်လို့ ကန် နိုင်ငံခြားရေးဝန်ကြီးပြော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio။
U.S State Department FB

မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆောင်ရွက်ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံကူညီမှာ ဖြစ်သလို ငလျင်ဘေးဒဏ် ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးအတွက်လည်း နိင်ငံတကာ အသိုင်းအဝန်းနဲ့ အတူ ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ အမေရိကန်အစိုးရက ပြောကြား လိုက်ပါတယ်။

သင်္ကြန် နဲ့ နှစ်သစ်ကူးအကြို ဧပြီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောကြားတာ ဖြစ်ပါတယ်။

နှစ်သစ်ကူး အခါသမယအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား လှိုက်လှိုက်လှဲလှဲ ဆုတောင်း မေတ္တာ ပို့သပါတယ်၊ သင်္ကြန်ဆိုတာ အတိတ်ကအကြောင်းအရာတွေကို ပြန်လည်မျှော်တွေးပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ရတဲ့ကာလ ဖြစ်ပါတယ်၊ ဒီနှစ်ကတော့ မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ မြန်မာပြည်သူတွေ ပျက်စီးဆုံးရှုံးမှုကြီးမားလှတဲ့ ကြေကွဲဖွယ်ရာ ကာလနဲ့ တိုက်ဆိုင်နေ ပါတယ်၊ ဒီလို စိန်ခေါ်မှုတွေ ကြုံတွေ့နေတဲ့ ကာလမှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေနဲ့ တညီတညွတ်တည်း ရှိနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောပါတယ်။

ဒီလိုအခက်အခဲတွေ ကြုံရတဲ့ကာလမှာ မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ ရက်ရောမှုတွေ ပိုမို ထွန်လင်း တောင်ပြောင်စွာ ပေါ်ထွက်လာခဲ့ပါတယ်၊ ပိုပြီး ကောင်းမွန်တဲ့ အနာဂတ် ပေါ်ထွန်းရေး နဲ့ အသစ်တဖန် ပြန်လည်ဆန်းသစ်မှုတွေ ဖြစ်ပေါ်ရေးအတွက် သင်္ကြန်စိတ်ဓာတ်က သတိပေး နှိုးဆော်နေပါတယ်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်သစ်မှာ မြန်မာပြည်သူတွေ မျှော်လင့်ချက်တွေ၊ ခွန်အားတွေ ဆောင်ကြဉ်းလာနိုင်ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။