အပစ်ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးနိုင်မှု ကုလနဲ့ အမေရိကန် ချီးကျူးကြိုဆို


2015.03.31
ceasefire-vijay-nambiar-305.jpg UPWC နဲ့ NCCT တို့ရဲ့( ၇ )ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး မစ္စတာ Vijay Nambiar (ဝဲဘက်)ကို မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုးလိုက်နိုင်ခြင်းဟာ သမိုင်းတွင်တဲ့ အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂက ချီးကျူးလိုက်ပါတယ်။

ဒီယာယီသဘောတူညီချက်ဟာ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ တဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့မှတ်တိုင်ဖြစ် တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား က ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် လပေါင်းအတန်ကြာ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် အမေရိကန်အစိုးရအနေနဲ့ ဝမ်းမြောက်ကြိုဆိုကြောင်း ရန်ကုန်မြို့အမေရိကန်သံရုံးကလည်း ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။