ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရသစ် ခြိမ်းခြောက်ပြောဆိုမှု ဗြိတိန် စိုးရိမ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရသစ်က ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေနဲ့ ပြုမူ ပြောဆိုလာတာကို ဗြိတိန် အစိုးရ အနေနဲ့ အထူးတလည် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က မနေ့က ပြောကြားလိုက် ပါတယ်။

2011.07.01
british_william_hague_305_z.jpg ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)
(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အန္တရာယ် မရှိပဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိရမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေတယ် လို့လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ထုတ်ဖေါ် ပြောဆိုချက်ဟာ မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပိုပြီး တင်းကြပ်လာမယ်၊ အသက် အန္တရာယ်ကို ထိခိုက်လာမယ် ဆိုရင် မြန်မာ အစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်တဲ့ ဖိအားပေးမယ်ဆိုတဲ့ အရိပ် လက္ခဏာပဲ ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Mark Farmaner က အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်ကို ကျနော်တို့ အလွန်ပဲ ကြေနပ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကမ္ဘာက မျက်ခြေမပျက် စောင့်ကြည့်နေတယ် ဆိုတာကို နိုင်ငံတကာ အစိုးရတွေက အခုလို ပြောဆိုလာတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ Mark Farmaner က ဆိုပါတယ်။

ဒါ့အပြင် မကြာခင် ကာလ အတွင်း စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် ခရီးစဉ် လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတာကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးနေပါတယ်လို့ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2013-03-24 13:09

အမေစုကိုထိတဲ့သူ စစ်စကားနဲ့ပြောရရင်ရင်ဘတ်စကာပေါက်ဖြစ်သွးာစေရမယ်။ဘာသာရေးစကားနဲ့ပြောရရင်ငရဲကြီးရှစ်ထပ်မှာချိုးကပ်မယ်။

Anonymous
2013-12-07 16:38

ဖိလစ်ပိုင်လိုနိုင်ငံမျိုးဆီကအကူအညီတောင်းရသလား။