NLD မှာကျင်းပမယ့် ဒေါက်တာဦးမြင့်ရဲ့ စာတမ်းဖတ်ပွဲ အာဏာပိုင်တွေ တားမြစ်
2011.07.12

(Photo: AFP)
"ဒေါက်တာဦးမြင့်ကို နေပြည်တော်ကနေပြီးတော့ မလုပ်ရဘူး ဆိုပြီး တားတယ်တဲ့။ ဒါကြောင့်မို့လို့ မလုပ်ဖြစ်တာပါ။ ဆရာမောင်မြင့်က မြန်မာပြည် ဆင်းရဲမှု လျှော့ချရေး ကိစ္စတွေ ဆွေးနွေးမှာပါ။ ကျနော်တို့ကလည်း ပြန်ဆွေးနွေးစရာတွေ ရှိတာပေါ့။ မလုပ်ရဘူးဆိုတော့ သူ့ Idea တွေ ကျနော်တို့ မကြားရတော့ဘူးပေါ့။"
ဒေါက်တာဦးမြင့် အနေနဲ့ သူပြုစုထားတဲ့ ဆင်းရဲ မွေတေမှု ပပျောက်ရေး ဆိုင်ရာ စာတမ်းနှစ်စောင် ဟောပြောဖို့ စီစဉ်ထားခဲ့တဲ့ အကြောင်း ဦးဝင်ထိန်က ပြောပါတယ်။
ဒေါက်တာဦးမြင့်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေး အရ ရင်းနှီးသူ တဦးလို့ လူသိများပါတယ်။