တမူးမှာ ချင်းလူငယ်နှစ်ဦး အသတ်ခံရ

2022.04.25
တမူးမှာ ချင်းလူငယ်နှစ်ဦး အသတ်ခံရ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ကျွန်းပင်သာရွာက ကူကီးချင်းလူငယ်နှစ်ဦးရဲ့ သတ်ဖြတ်ခံထား ရတဲ့ ရုပ်အလောင်းကို သနန်ရွာနဲ့ မြို့သစ်ကြားမှာ ဧပြီလ ၂၄ ရက် မနေ့က တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီလူငယ်နှစ်ဦးကို ကသည်းသူပုန်တွေက သတ်ဖြတ်ခဲ့တာလို့ အဲဒီဒေသခံက ပြောပါတယ်။

"အသတ်ခံရတဲ့ သူတို့နှစ်ဦးကတော့ ကသည်းသူပုန်တွေက သတ်တာဖြစ်ပါတယ်။ ဒီမှာက ကသည်းသူပုန်တွေရှိတယ်။ အခုအာဏာသိမ်းပြီးနောက် ကသည်းသူပုန်တွေက တမူးမြို့ထဲမှာ ပေါ်တင်ပဲနေတော့တယ်"

သေဆုံးသွားတဲ့နှစ်ဦးဟာ အသက် ၂၀ကျော်တွေပဲဖြစ်ပြီး ကိုဆွန်မင်ထန်နဲ့ ကိုထန်ဂိုဂင် တို့ဖြစ်ပြီး ရိုက်နှက်ခံထားတဲ့ ဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

သူတို့ နှစ်ဦးဟာ ဧပြီ ၂၃ ရက်နေ့က သုံးကျော်ရွာမှာ ဘောလုံးသွားကစားရာကနေတစ်ဆင့် ညနေပိုင်းမှာ ဖိုင်လင်းရွာက သူငယ်ချင်းမင်္ဂလာဆောင်ပွဲကိုသွားရာကနေ ဖိုင်လင်းရွာ မရောက်ခင် သနန်ရွာနဲ့ မြို့သစ်ကြားမှာ အသတ်ခံရတာဖြစ်တယ်လို့လည်း သူတို့နှစ်ဦးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သူတို့နှစ်ဦးဟာ ဘာကြောင့်သတ်ဖြတ်ခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကသည်းသူပုန်တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ ခိုလှုံပြီး အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်မှာ စခန်းချပြီးတော့ အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ မေလ ၁၁ နဲ့ ဇူလိုင်လ ၂၂ ရက်တွေမှာ ကသည်းသူပုန်တွေဟာ စစ်ကောင်စီ တပ်နဲ့ ပူးပေါင်းပြီး တမူး PDF အဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။