တအာင်းအမျိုးသားနေ့အထိမ်းအမှတ် အကျဉ်းသား ၁၉ ဦးကို TNLA လွတ်ငြိမ်းခွင့်ပေး

နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုတ်ပြုတဲ့အနေနဲ့ ဒုတိယအကြိမ် စစ်သုံ့ပန်းနဲ့ အကျဉ်းသားတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကျဉ်းသား ၁၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ TNLA က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သူတွေထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA တပ်သား ၁၁ ဦးနဲ့ ပြစ်မှုကျူးလွန်ထားတဲ့ အကျဉ်းသား ၈ ဦး စုစုပေါင်း ၁၉ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။
PSLF/TNLA နဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်နဝါရီလ ၂၈ ရက် ဒီနေ့မှာ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA အနေနဲ့ ဒီနေ့လွှတ်ပေးခဲ့တဲ့ အကျဉ်းသား ၁၉ ဦး အပါအဝင် နှစ် ၆၀ ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အထိမ်းအမှတ်နေ့က ပထမအကြိမ် အကျဉ်း ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။