NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် လာရောက်တွေ့ဆုံ

RFA Burmese
2022.12.19
NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် လာရောက်တွေ့ဆုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦးကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်း လာရောက်တွေ့ဆုံခဲ့တယ်လို့ သူရဦးတင်ဦးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပဒိုမန်းငြိမ်းမောင် လာရောက်တွေ့ဆုံချိန်မှာ နိုင်ငံရေးကိစ္စတွေ မဆွေးနွေးဘူးလို့ သူရဦးတင်ဦးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"၁၅ မိနစ်လောက် စကားပြောဆိုပြီး ပြန်သွားတယ်။ ဘာမှတော့ သိပ်မပြောဘူး၊ ဒီအတိုင်း ကျန်းမာရေး လာကြည့်တာပါ။ မတွေ့တာလည်းကြာပြီ၊ အရင်တုန်းကလည်း ခင်မင်မှုရှိတော့ လာကြည့်တာ"

အသက် ၉၆ နှစ်အရွယ် သူရဦးတင်ဦးဟာ လေဖြတ်ဝေဒနာ ခံစားနေရသူဖြစ်ပြီး လက်ရှိမှာတော့ ကျန်းမာရေး တိုးတက်ကောင်းမွန်တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က သူရဦးတင်ဦးကို လာရောက်တွေ့ဆုံခဲ့ပါတယ်။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သလို ၁၉၈၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုထားပြီး NLD ပါတီကတော့ အဲဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာလည်း NLD ပါတီ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကောက်ယူရေးအဖွဲ ့ (NLD-HRD T) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် NLD လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင် ၁၁၆၉ ဦး ဖမ်းဆီးခံထောင်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။