အမုန်းစကား ဥပဒေနဲ့တားဖို့ ဝန်ကြီးပြောကြား


2016.07.14
thura-aungko-620.JPG သံဃမဟာနာယကအဖွဲ့ရဲ့ ၄၇ ပါးစုံညီအစည်းအဝေးမှာ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကို ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo : Htet Arkar/RFA

ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကား (Hate Speech) ရေးသား ပြောဆိုသူတွေကို အရေးယူနိုင်ဖို့ ဥပဒေမူကြမ်း တစ်ရပ်ရေးဆွဲပြီး လွှတ်တော်မှာတင်ပြသွားမယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာသဘင်မှာ ဒုတိယမြောက်နေ့အဖြစ်ကျင်းပတ့ဲ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ရဲ့ ၄၇ ပါးစုံညီအစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာဖြစ်ေကြာင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"အမုန်းစကားတွေ Hate Speech ဖြန့်ဝေမှုတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာ ပဋိပက္ခတွေ မပေါ်ပေါက်စေနိုင်ဖို့ အတွက်ကို အဲ့ဒါတားဆီးရေး ဥပဒေမူကြမ်းတစ်ခုကို ရေးဆွဲဖို့အတွက်ကို ဆုံးဖြတ်ကြပါတယ်၊ ဆုံးဖြတ်တဲ့အခါမှာ လည်း အဲ့ဥပဒေမူကြမ်းကို သာသနာရေးကဖြစ်စေ ဝန်ကြီးဌာနတစ်ခုကဖြစ်စေ မရေးဆွဲဘဲနဲ့ ကိုယ်တိုင်တွေ့ကြုံ ခံစားရတဲ့ ဘာသာရေးအဖွဲ့စည်းတွေ အားလုံး

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံး ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာကို ကိုးကွယ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားသလို အစိုးရအနေနဲ့လည်း ဘာသာပေါင်းစုံကို အသိအမှတ်ပြုကာကွယ်ပေးရ မယ်လို့ ရေးဆွဲထားတယ်လို့ ဝန်ကြီးက ပြောပါတယ်။

အမုန်းစကား (Hate Speech) တွေကို အရေးယူနိုင်ဖို့ ဥပဒေတစ်ရပ် မပေါ်ပေါက်သေးခင်မှာ ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးသူတွေကို လက်ရှိပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း လည်း ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေး ၊ လူမှုရေးနဲ့ဆိုင်သော အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်သည်လို့ ပြဌာန်းထားတာကြောင့် မဘသ အဖွဲ့အနေနဲ့ ဘာသာရေး၊ လူမှုရေး လုပ်ဆောင်တဲ့အဖွဲ့အဖြစ် ရပ်တည်နိုင်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်း၊ လယ်ပြင် ဥရုချောင်းကူး တံတား အနီးက အစ္စလာမ် ယာယီဝတ်ကျောင်းဆောင်ကို မီးရှို့ဖျက်ဆီးခဲ့သူ ၅ ဦးကို ဖမ်းဆီး အရေးယူမူတွေ ပြုလုပ်နေ တယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ သံဃမဟာနာယကအဖွဲ့ရဲ့ ၄၇ ပါးစုံညီအစည်းအဝေးမှာ မဘသ အဖွဲ့ဟာ သံဃအဖွဲ့ အစည်းရဲ့ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်ကြောင်းနဲ့ ဂိုဏ်းပေါင်းစုံ သံဃညီလာခံကနေ ပေါက်ဖွားလာတဲ့အဖွဲ့ လုံးဝမဟုတ်တဲ့အကြောင်း ဆုံးဖြတ်ခဲ့ တယ်လို့လည်း သာသနာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် က ပြောပါတယ်။

မဘသ အဖွဲ့အနေနဲ့ သံဃအဖွဲ့အစည်း လုံးဝမဟုတ်တာကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ သံဃမဟာနာ ယကအဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့လည်း ဦးထွန်းညွန့် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။