အဆင့်မြင့်ဆေးရုံနှစ်ရုံ ထိုင်း ကုမ္ပဏီ ဆောက်လုပ်


2015.01.26

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ခေတ်မီအဆင့်မြင့် ဆေးရုံနှစ်ရုံ ဆောက်လုပ်ဖို့ ထိုင်းနိုင်ငံက တတိယအကြီးဆုံး ပုဂ္ဂလိ က ဆေးရုံလုပ်ငန်းဖြစ်တဲ့ THG ခေါ် သွန်ဘူရီ ဆေးရုံလုပ်ငန်းနဲ့ ဂမုန်းပွင့် ကုမ္ပဏီတို့ လာမယ့်သီတင်းပတ်အတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ဆောက်လုပ်မယ့် ဆေးရုံနှစ်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း တစ်ရာ သုံးစွဲမယ်လို့ သွန်ဘူရီ ကုမ္ပဏီက ပြော ပါတယ်။ သွန်ဘူရီ ကုမ္ပဏီက လုပ်ငန်းရဲ့ ၄ဝ ရာနှုန်း၊ ဂမုန်းပွင့်က ၆ဝ ရာနှုန်း ပိုင်ဆိုင်မယ်လို့ သိရပါတယ်။

စုစုပေါင်း ကုတင်လေးရာဆန့်တဲ့ အဲ့ဒီဆေးရုံနှစ်ရုံကို မနှစ်က ဒီဇင်ဘာလမှာ စတင်ဆောက်လုပ်ခဲ့ပြီး၊ ပြီးစီးဖို့ သုံးလေးနှစ် အချိန်ယူရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ကျန်းမာရေးအတွက် လာရောက်ကုသမှုခံယူနေကြတဲ့ ပြည်ပနိုင်ငံတွေထဲမှာ မြန်မာက နံပါတ်တစ် အများ ဆုံးဖြစ်ပြီး၊ မြန်မာ့နောက်မှာ ဥရောပနိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေ ရှိကြတယ်လို့ သွန်ဘူရီ ကုမ္ပဏီကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။