ဦးသောဘိတကို တရားစွဲတဲ့အမှု ဥပဒေနဲ့မညီကြောင်းပြော


2019.03.14
thawbita-622.JPG မန္တလေးမြို့၊ အမရပူရမြို့နယ်က ဆရာတော် ဦးသောဘိတ ကို တွေ့ရစဉ်
Photo: Khaymani Win/RFA

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အမရပူရမြို့နယ် တရားရုံးမှာ ၆၆ (ဃ) နဲ့ တရားစွဲခဲ့ရာမှာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဆရာတော် ဦးသောဘိတက ခရိုင်တရားရုံးကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

စတင်တရားစွဲချိန်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တရားစွဲသူကို စစ်ဆေးခြင်းမရှိဘဲ တရားရုံးက လက်ခံလိုက်တဲ့အပြင် ဘယ်သူ့ရဲ့ ခွင့်ပြုချက်ကြောင့် တရားစွဲဆိုတာလည်းဆိုတာကို ထွက်ဆိုထားခြင်းမရှိတာကြောင့် ဥပဒေနဲ့ ညီညွတ်မှုမရှိကြောင်း ဆရာတော် ဦးသောဘိတက ခရိုင်တရားရုံးကို တင်ပြခဲ့တာဖြစ်ပါတယ်။

တရားလိုဘက်က တင်သွင်းရမယ့် သက်သေခံစာရွက်စာတမ်းတွေကို တင်သွင်းထားခြင်းမရှိဘဲ တရားခွင်ရောက်မှ ကျန်ခဲ့တယ်ဆိုပြီး နောက်မှ တရားရုံးကိုတင်သွင်းခဲ့တာကို ကန့်ကွက်တာဖြစ်ကြောင်း ဆရာတော်ဦးသောဘိတရဲ့ ရှေ့နေဖြစ်တဲ့ တရားလွတ်တော်ရှေ့နေ ဦးအောင်သိန်းကပြောပါတယ်။

ဆရာတော်ဦးသောဘိတက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာ ရေးသားချက်တွေဟာ တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာကျဆင်းစေတဲ့ ပုတ်ခတ်ရေးသားမှုဖြစ်တယ်ဆိုပြီး ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက တရားလိုပြုလုပ်ပြီးပြီးခဲ့တဲ့နှစ်က အမှု့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုကို လာမယ့် ၂၈ ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။