ဆရာတော် ဦးသောဘိတ ကို တရားရုံးက အာမခံပေး


2019.02.14
thawbita-622.JPG မန္တလေးမြို့၊ အမရပူရမြို့နယ်က ဆရာတော် ဦးသောဘိတ ကို တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေးမြို့၊ အမရပူရမြို့နယ်က ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲထားတာကို အမရပူရမြို့နယ် တရားရုံးက ဒီနေ့မှာ အာမခံပေးလိုက်ပါတယ်။

ဒီနေ့ပထမဆုံးအကြိမ် ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ တပ်မတော်ဘက်က လာရောက်ခဲ့ခြင်းမရှိဘဲ ဆရာတော် ဦးသောဘိတ ဘက်က အာမခံလျှောက်ထားခဲ့တာကို တရားရုံးက လက်ခံလိုက်ကြောင်း အမှုကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ဒီအမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ပါတယ်။

ဆရာတော် ဦးသောဘိတဟာ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ယခင်က သီတင်းသုံးနေထိုင်ခဲ့တာဖြစ်ပြီး တပ်မတော်က တရားမစွဲခင် အချိန်မှာပဲ ဖိအားပေးမှုတွေရှိတာကြောင့် ကျောင်းတိုက်ကနေကနေ ထုတ်ပယ်လိုက်ကြောင်း ကြေညာချက်ကို ကျောင်းတိုက် အုပ်ချုပ်ရေးဆရာတော်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။