သမီးလေးကျေးရွာသားများရဲ့ ယာယီတဲများ ဖျက်သိမ်းရ


2014.02.17
thameekalay-305.jpg ယာယီတဲတွေမှာ ခိုလှုံနေရတဲ့ သမီးလေးရွာနဲ့ အနီးပတ်ဝန်းကျင်က ရွာသားတွေကို တွေ့ရစဉ်
photo: Youtube

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဖျက်သိမ်းခံလိုက်ရ တဲ့ သမီးလေးကျေးရွာက ကျောင်းသားမရှိတဲ့ အိမ်ထောင်စုတွေကို လောလောဆယ် ခိုလှုံနေ တဲ့နေရာက ဒီနေ့မဖယ်ရှားရင် မနက်ဖြန်မှာ အာဏာပိုင်တွေကိုယ်တိုင်လာဖယ်ရှားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာပေါ်ပေါက်မယ်ဆိုတဲ့အတွက် ယာယီတဲတွေကို ဒီနေ့ ဖျက်သိမ်းလိုက်ရပါတယ်။

ပဲခူးတိုင်းအုပ်ချုပ်ရေးမှူးက အကြောင်းကြားလာတဲ့ အတွက် ဖျက်သိမ်းပေးလိုက်ရတာလို့ အလံနီကျေး ရွာ၊ အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

အိမ်ထောင်စု ၆၆ စုက လူဦးရေ ၁၈၄ ယောက် ကို ကျောင်းဝင်းထဲက ဓမ္မာရုံထဲမှာ ယာယီနေရာချ ထားပေးတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။ အိမ်ထောင်စု ၇၂ စုက လူဦးရေ ၃၅၁ ယောက်ကတော့ ယာယီတဲတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ညွှန်ကြားချက်အတိုင်း တဲတွေဖျက်ပြီး-မပြီး ပဲခူးတိုင်း ဒုတိယအုပ်ချုပ်ရေးမှူးက လာရောက်ကြည့်ရှုစစ်ဆေးပါတယ်။ ဒီမတိုင်ခင် တောင်သုံးလုံးတပ်က အရာရှိတစ်ဦး လာရောက်သွားတယ်လို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားပါတယ်။

ဒေသခံတွေဟာ သမီးကလေးရွာကိုဖျက်ချိန်က ရရာအထုပ်ဆွဲထွက်လာကြရပြီး စေတနာရှင်တွေက ကယ်ဆယ်ရေး အကူအညီတွေ ပေးထားပေမဲ့ စောင်အလုံအလောက် မရှိကြဘူးလို့လည်း မိန့်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။