သမီးလေးရွာ သားတွေ မြဝတီရောက်ပြီ


2014.04.04
thameekalay-dkba-305.jpg သမီးလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနဲ့ အင်းမတီးကျေး ရွာတွေက အိမ်ထောင်စု ၈၀ ဟာ DKBA ထိန်းချုပ်နယ်မြေ အတွင်းက ကျောက်ခက်ကျေးရွာကို ဧပြီလ ၁ ရက်နေ့က DKBA အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့စဉ်
Photo : Kyaw Zaw Win, Lar Wah Shee/RFA

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က ရွာတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေရတဲ့ သမီးလေးရွာ၊ အင်းပတီးရွာနဲ့ ဒေါ်ကာလီရွာသားတွေ ဟာ ကရင်ပြည်နယ်မှာ အခြေချနေထိုင်ဖို့ မြဝတီမြို့ကို မနေ့ညနေက ရောက်သွားကြပြီလို့ သိရပါတယ်။

သူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြေနေရာပေးပေမယ့် အဲဒီနေရာဟာ လုပ်ကိုင်စားသောက်ဖို့ မလွယ်တဲ့နေ ရာဖြစ်နေလို့ DKBA ခေါ် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်က ကမ်းလှမ်းထားတဲ့ ကရင်ပြည်နယ် က ကျောက်ခက်ရွာမှာနေထိုင် လုပ်ကိုင်စားသောက်ဖို့ လိုက်သွားကြတာဖြစ်ပါတယ်။

အဲဒီလိုလိုက်သွားတဲ့အခါ ပြီးခဲ့တဲ့ရက်က ကရင်ပြည်နယ် အရောက်မှာ အစိုးရတပ်တွေက တားထားပြီး၊ သွားခွင့်မပြုတဲ့အတွက်လမ်းမှာ ကြန့်ကြာခဲ့ရပါတယ်။ မနေ့က မြဝတီမြို့ကိုရောက်သွား တဲ့အခါ မြို့ခံတွေနဲ့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် အဖွဲ့ဝင်တွေ က နွေးနွေးထွေးထွေး ကြိုဆိုကြပြီး စားသောက် စရာတွေလဲဝေငှပေးတယ်လို့သိရပါတယ်။

မနေ့ညက ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းခိုကြပြီး ဒီမနက်မှာ ကျောက်ခက်ရွာကို ခရီးဆက်မယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြဝတီမြို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဌေးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။