ထိုင်း ကျန်းမာရေး အာမခံ မြန်မာတွေ ဝယ်နိုင်ပြီ


2015.04.05

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေ လိုပဲ အစိုးရ ရဲ့ အထွေထွေ ကျန်းမာရေး အစီအစဉ်ကတဆင့် ကျန်းမာရေးအာမခံ ဝယ်ယူနိုင်ကြပြီလို့ နေးရှင်းသတင်း က ဖေါ်ပြပါတယ်။

အဲဒီ ကျန်းမာရေး အာမခံမှာ နာတာရှည်ရောဂါတွေ၊ ခွဲစိတ်ကုသမှုတွေ၊ ဈေးကြီးမြင့်တဲ့ ဆေးဝါးတွေပါ အကျုံးဝင်တယ် လို့ ကျန်းမာရေး ဒုဝန်ကြီး ကပြောပါတယ်။

ကျန်းမာရေး အာမခံ နှုန်းတွေကတော့ တစ်နှစ်အတွက် ထိုင်းဘတ်ငွေ နှစ်ထောင့်တစ်ရာ၊ ၆ လစာအတွက် ဘတ် တစ်ထောင့်လေးရာ၊ သုံးလစာအတွက် ဘတ် တစ်ထောင်ဖြစ်ပါတယ်။ အသက် ၇ နှစ်အောက် ကလေးငယ်တွေ အတွက် တစ်နှစ် အတွက် ၃၆၅ ဘတ် သာ ကျသင့်မယ်လို့သိရပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံဘက်ကိုနေ့ပိုင်းမှာလာရောက်အလုပ်လုပ်ပြီး၊ ညနေပိုင်းမှာ ကိုယ့်နိုင်ငံဘက် ပြန်သွားကြသူတွေလည်း ထိုင်း ကျန်းမာရေးအာမခံ ဝယ်ယူနိုင်တယ် လို့ ကျန်းမာရေး ဒုဝန်ကြီး ကပြောပါတယ်။

ဧပြီလ ၁ ရက်နေ့က စပြီး ထိုင်းနိုင်ငံတွင်းက ဆေးရုံတိုင်းမှာ အချိန်မရွေး အလွယ်တကူ ဝယ်ယူနိုင်တယ်လို့ ကြေညာ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။