ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးကနုတ်ထွက်

RFA Burmese
2024.04.28
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရာထူးကနုတ်ထွက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာ နုကွန် (Parnpree Bahiddha-Nukara) ၂ဝ၂၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို သွားရောက်စဉ်။
Photo: RFA

မြန်မာပြည်က တိုက်ပွဲတွေအကြောင်းလေ့လာဖို့ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဖဟီထာ နုကွန် (Parnpree Bahiddha-Nukara) ဟာ ရာထူးကနေ ဧပြီလ ၂၈ ရက် ဒီနေ့ရုတ်တရက် နုတ်ထွက်သွားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်ရဲ့ အစိုးရသစ်အဖွဲ့ထဲမှာ ပန်ပရီဟာ ဒုတိယဝန်ကြီးချုပ်ရော၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပါ ပူးတွဲခန့်အပ်ခံထားရသူဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းဘုရင့်နန်းတော်က ဒီနေ့တရားဝင်ထုတ်ပြန်လိုက်တဲ့ အစိုးရအဖွဲ့စာရင်းထဲမှာတော့ ပန်ပရီကို ဒုဝန်ကြီးချုပ်နေရာကနေ ဖယ်ထားပြီး၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်သာ ခန့်ထားတာကြောင့် မကျေနပ်ဘဲ ရာထူးကနေ နုတ်ထွက်တာဖြစ်ပါတယ်။

သူရာထူးနှစ်ခုယူထားချိန်မှာ နိုင်ငံအတွက် အကျိုးရှိတာတွေ အများကြီးလုပ်ဆောင်ပေးနိုင်ခဲ့သလို၊ သူ့နေရာကို အစားထိုးနိုင်မဲ့သူတွေ့မယ်လို့ ယုံကြည်ကြောင်း Thai PBS သတင်းမှာ ပန်ပရီက ပြောထားပါတယ်။

ပန်ပရီ ဖဟီထာ နုကွန်ဟာ မြန်မာအရေး ဖြေရှင်းနိုင်ရေး ထိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အသစ်ဖွဲ့ထားတဲ့ ကော်မတီမှာလည်း ဦးဆောင်သူတစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။