ဘန်ကောက်မြို့အနီး ကားတိုက်မှု မြန်မာ ၂ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ
2014.06.02
တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ယောက်ကို တင်ဆောင်လာတဲ့ ကားတစ်စီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အဝင်နားက ဘန်ဘော်မြို့မှာ ဒီနေ့ မနက်ပိုင်းက ကားတိုက်မှုဖြစ်ပွားခဲ့လို့ မြန်မာနိုင်ငံသား ၂ ယောက်သေဆုံးပြီး ၁၅ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေကို ခေါ်လာသူဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး တံခါး ၄ ပေါက်ပါ VIGO ကားနဲ့ အမြန်မောင်းနင်ခဲ့ ရာကနေ လမ်းဘေးမှာရပ်ထားတဲ့ ကားတစ်စီးကို အရှိန်လွန်ပြီး ဝင်တိုက်ခဲ့ရာမှာ မြန်မာအလုပ်သမားတွေ သေဆုံး ဒဏ်ရာရခဲ့ကြ တာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘန်ဘော်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီအမှုကိုကိုင်တဲ့ တာဝန်ရှိသူ မရှိကြောင်းသာ ဖြေကြားခဲ့ပါတယ်။
သေဆုံးဒဏ်ရာရခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘန်ဘော်မြို့နယ်ဆေးရုံမှာ ဆေးကုသ မှုပေးနေပြီး သူတို့အားလုံးဟာ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိကြဘဲ သူတို့ကိုခေါ်လာတဲ့ ထိုင်းနိုင်ငံသားဟာလည်း ကားတိုက်မှုဖြစ်ပွားခဲ့အပြီးမှာ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ သိရပါတယ်။
အလားတူပဲ မေလ ၃၁ ရက်နေ့ကလည်း မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်ကနေပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ကို လူပွဲစားတွေကတဆင့် တရားမဝင် ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၆၆ ယောက်ကို ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန က တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
“ အမျိုးသား ၅၉ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ပါဝင်ပြီး အားလုံး ၆၆ ယောက်ဖမ်းဆီးရမိတာပါ၊ သူတို့အားလုံးဟာ တရားဝင်ခရီးသွားလာခွင့် လက်မှတ်တွေမရှိကြပါဘူး။ သူတို့ကို အခု ဖမ်းဆီးထား တာကတော့ ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသားတွေ တရားမဝင်ခိုးဝင်လာမှုနဲ့ တရားစွဲဆိုထားပါတယ်” လို့ ပြောပါတယ်။
သူတို့အားလုံးဟာ ရနောင်းခရိုင် ကရပူရီမြို့နယ်အတွင်းက ဆီအုန်းခြံတစ်ခုအတွင်းကနေ ကားနှစ်စီးနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းထဲဝင်ပြီး ထိုင်းနိုင်ငံသား လူပွဲစားနှစ်ဦးရဲ့ အစီအစဉ်နဲ့ ဆူရတ်ဌာနီမြို့ကို သွားတော့မယ့်အချိန်မှာပဲ ထိုင်းနယ်ခြားစောင့်တပ်တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံတွင်းမှာ လာရောက်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လူပွဲ စားတွေကို တစ်ယောက် ဘတ် ၃၀၀၀ ကနေ ဘတ် ၈၀၀၀ အထိ ပေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။
တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ယောက်ကို တင်ဆောင်လာတဲ့ ကားတစ်စီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အဝင်နားက ဘန်ဘော်မြို့မှာ ဒီနေ့ မနက်ပိုင်းက ကားတိုက်မှုဖြစ်ပွားခဲ့လို့ မြန်မာနိုင်ငံသား ၂ ယောက်သေဆုံးပြီး ၁၅ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတွေကို ခေါ်လာသူဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး တံခါး ၄ ပေါက်ပါ VIGO ကားနဲ့ အမြန်မောင်းနင်ခဲ့ရာကနေ လမ်းဘေးမှာရပ်ထားတဲ့ ကားတစ်စီးကို အရှိန်လွန်ပြီး ဝင်တိုက်ခဲ့ရာမှာ မြန်မာအလုပ်သမားတွေ သေဆုံးဒဏ်ရာရခဲ့ကြ တာဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘန်ဘော်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီအမှုကိုကိုင်တဲ့ တာဝန်ရှိသူ မရှိကြောင်းသာ ဖြေကြားခဲ့ပါတယ်။
သေဆုံးဒဏ်ရာရခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘန်ဘော်မြို့နယ်ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး သူတို့အားလုံးဟာ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိကြဘဲ သူတို့ကိုခေါ်လာတဲ့ ထိုင်းနိုင်ငံသားဟာလည်း ကားတိုက်မှုဖြစ်ပွားခဲ့အပြီးမှာ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ သိရပါတယ်။
အလားတူပဲ မေလ ၃၁ ရက်နေ့ကလည်း မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်ကနေပြီး ထိုင်းနိုင်ငံ ရနောင်းမြို့ကို လူပွဲစားတွေကတဆင့် တရားမဝင် ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၆၆ ယောက်ကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ အမျိုးသား ၅၉ ယောက်နဲ့ အမျိုးသမီး ၇ ယောက်ပါဝင်ပြီး အားလုံး ၆၆ ယောက်ဖမ်းဆီးရမိတာပါ၊ သူတို့အားလုံးဟာ တရားဝင်ခရီးသွားလာခွင့် လက်မှတ်တွေမရှိကြပါဘူး။ သူတို့ကို အခု ဖမ်းဆီးထားတာကတော့ ခွင့်ပြုချက်မရဘဲ နိုင်ငံခြားသားတွေ တရားမဝင်ခိုးဝင်လာမှုနဲ့ တရားစွဲဆိုထားပါတယ်” လို့ ပြောပါတယ်။
သူတို့အားလုံးဟာ ရနောင်းခရိုင် ကရပူရီမြို့နယ်အတွင်းက ဆီအုန်းခြံတစ်ခုအတွင်းကနေ ကားနှစ်စီးနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းထဲဝင်ပြီး ထိုင်းနိုင်ငံသား လူပွဲစားနှစ်ဦးရဲ့ အစီအစဉ်နဲ့ ဆူရတ်ဌာနီမြို့ကို သွားတော့မယ့်အချိန်မှာပဲ ထိုင်းနယ်ခြားစောင့်တပ်တွေက ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံတွင်းမှာ လာရောက်အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လူပွဲစားတွေကို တစ်ယောက် ဘတ် ၃၀၀၀ ကနေ ဘတ် ၈၀၀၀ အထိ ပေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။