မြန်မာ့အရေးပြေလည်ဖို့ မရပ်မနားကြိုးစားနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပြော
RFA Burmese
2024.05.24
2024.05.24

မြန်မာပြည်က ပဋိပက္ခတွေအဆုံးသတ်ပြီး ငြိမ်းချမ်းဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မရပ်မနားကြိုးစားနေပါတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီစဉ် ကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။
လက်ရှိအာဆီယံဥက္ကဋ္ဌ လာအို အပါအဝင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ အာဆီယံအသင်းဝင်နိုင်ငံတွေနဲ့ ပူးပေါင်းကြိုးစားနေတဲ့အကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီနေ့ ကျင်းပတဲ့ အာရှအနာဂတ်ဆိုင်ရာညီလာခံမှာ ဝန်ကြီးချုပ် ထာဝီစဉ်က ပြောလိုက်တာပါ။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကိုလည်း ပေးအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာကို ကျွန်တော်တို့ မြင်ချင်ပါတယ်လို့လည်း မစ္စတာ ထာဝီစဉ်က ပြောပါတယ်။