ရွေးကောက်ပွဲကိစ္စ ထိုင်းဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီးဆွေးနွေး
2010.10.12

မစ္စတာ အဘီဆစ်အနေနဲ့ အောက်တိုဘာလ ၁၁ရက်နေ့က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွား ရောက်ခဲ့တာပါ။ မြန်မာနိုင်ငံကို မသွားခင် ပြီးခဲ့တဲ့အပတ်တွေ အတွင်းက ဘယ်လ်ဂျီယမ်နိုင်ငံကို သွားရောက်ခဲ့သလို နယူးယောက်မြို့မှာလည်း မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောပါတယ်။
EU အဖွဲ့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နှစ်ဦးစလုံးက မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ ပြည်သူတွေဆန္ဒနဲ့ အညီဖြစ်ရေးအတွက် စိုးရိမ်ပူပန်နေတဲ့ အကြောင်း ထိုင်းဝန်ကြီးချုပ်ရဲ့ ဒီပြောဆိုချက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခုလို တုံ့ပြန်တယ်လို့ ဒေါက်တာမာလစ်က ပြန်ပြောပြပါတယ်။
မြန်မာပြည်က ရွေးကောက်ပွဲအတွက် စိတ်ပူစရာမလိုပါဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရွေးကောက်ပွဲတွေ လုပ်ခဲ့ဘူးပါတယ်။ ဒါကြောင့် ပြည်သူတွေ အကျိုးအတွက် ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ ကျနော်တို့ သိပါတယ်လို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ ကမ်းလှမ်းချက်ကိုလည်း တုံ့ပြန်ဖြေကြားခြင်း မရှိဘူးလို့ ဝန်ကြီးချုပ်ရုံး ဒုတိယပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာမာလစ်က RFA ကို ပြောဆိုပါတယ်။