ထိုင်းအစိုးရ PTT ရေနံကုမ္ပဏီ အာဆီယံဒေသတွင်း လုပ်ငန်းတိုးချဲ့နေ
2010.10.12

(RFA Map)
လူဦးရေ သန်း ၆၀၀ နီးပါးရှိတဲ့ AEC ဈေးကွက်ဟာ ထိုင်းကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နံှမှုနဲ့ ကုန်သွယ်ရေး အခွင့်အလမ်း အများကြီး ရနိုင်တဲ့အတွက် အခုလို တိုးချဲ့နေတာဖြစ်ပြီး အခုအခါ အာဆီယံ ဒေသထဲမှာ ပိုပြီး လုပ်ငန်း လုပ်နိုင်ဖို့ အင်ဒိုချိုင်းနားဒေသ စီမံကိန်းတခုကို ရေးဆွဲနေတယ်လို့ သိရပါတယ်။
PTT ဟာ မြန်မာနိုင်ငံက ရဲတံခွန်၊ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ပါဝင်နေသလို နောက်အသစ်ထုတ်မဲ့ မုတ္တမပင်လယ်ကွေ့က ဇောတိက လုပ်ကွက်တွေက သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးလုပ်ကိုင်နေပါတယ်။
အလားတူပဲ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ တရုတ်တောင်ပိုင်း ပြည်နယ်တွေမှာ ရင်းနှီးလုပ်ကိုင် နေတယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ရေးပါတယ်။